Connect with us

Latin America

ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် နီကာရာဂွာ နိုင်ငံရှိ အဆောက်အဦများတွင် နေထိုင်သူ များအား ကယ်ဆယ်မှုများ ပြုလုပ်

နီကာရာဂွာ နိုင်ငံ၌ ငလျင် ကယ်ဆယ်ရေး လေ့ကျင်ခန်း ပြုလုပ်နေမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

မာနာဂွာ ၊ မေ ၁၇ ရက်(ဆင်ဟွာ)

ပစိဖိတ် ဒေသရှိ နီကာရာဂွာ နိုင်ငံတွင် အင်အားပြင်း ငလျင် နှင့် နောက်ဆက်တွဲ ငလျင်ငယ်များသည် မေ ၁၆ ရက်တွင် လှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတွင်းရှိ အဆောက်အဦများ ယိမ်းယိုင် သွားခဲ့ပြီး နေထိုင်သူ အချို့အား ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်မှုများ အရ သိရသည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၈ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး နိုင်ငံ၏ အနောက်ဘက် Jiquilillo မြို့၏ အနောက်ဘက် ၅၆ ကီလိုမီတာ အကွာတွင် အနက် ၃၂ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ် သွားခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်မှုများ အရ သိရသည်။

နီကာရာဂွာ နိုင်ငံ၏ ဒုတိယ သမ္မတ Rosario Murillo က ငလျင်၏ ပြင်းအားမှာ ၆.၃ အင်အား ရစ်(ခ်)တာ စကေး ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

နီကာရာဂွာ နယ်မြေလေ့လာရေး အဖွဲ့၏ အစီခံချက် အရ ငလျင် လှုပ်ခတ် အပြီး ၆ မိနစ် အကြာတွင် ပြင်းအား ၅.၁ အဆင့်ရှိ နောက်ဆက်တွဲ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒုတိယ သမ္မတ Rosario Murillo က ပြောကြားခဲ့သည်။

Murillo က နိုင်ငံသားများအား တည်တည်ငြိမ်ငြိမ် ဆက်လက်ရှိနေရန် ပြောကြားခဲ့ပြီး ငလျင်ဒဏ်ခံခဲ့ရသော ဒေသများတွင် နေထိုင်နေကြသူများ ၊ နိုင်ငံ အနောက်ဘက်ပိုင်းတွင် နေထိုင်သူများ နှင့် အခြေခံအားဖြင့် ပစိဖိတ် ဒေသတွင် နေထိုင်သူများ အနေဖြင့် ယင်းဖြစ်ရပ်များအား ဗဟုသုတ နှင့် အကြံပြုချက်များအား သိရှိနိုင်ကြရန် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117