Connect with us

Latin America

Apple က iPhone 7 နှင့် Apple watch မိတ်ဆက်

iPhone 7 နှင့် Airpod အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ရေစိုဒဏ်ခံနိုင်သော၊ ကင်မရာ နှစ်လုံးပါသော၊ စတီရီယို စပီကာများနှင့် ကြိုးမဲ့ နားကြပ် စနစ်များ ပါဝင်သည့် iPhone 7 အား Apple ကုမ္ပဏီက စက်တင်ဘာလ ၇ ရက်က ကြေညာ မိတ်ဆက်ခဲ့သည်။

ယခု အသစ် မိတ်ဆက်လိုက်သည့် iPhone 7 အား စက်တင်ဘာလ ၉ ရက်နေ့၌ ကြိုတင်မှာယူ (Pre-order) နိုင်ပြီး ရက်သတ္တပတ် တစ်ပတ်ခန့်ကြာပြီးနောက် ဖြန့်ဝေမည် ဖြစ်ကြောင်း ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်သည့် မိတ်ဆက်ပွဲ အခမ်းအနား၌ Apple ပြောကြားခဲ့သည်။
Apple မှ ထုတ်လုပ်လိုက်သည့် iPhone စီးရီးသစ် ဖြစ်သော iPhone 7 တွင် Hardware နှင့် Software လုပ်ဆောင်မှုများအတွက် A10 CPU (Central Processing Unit) Chip လေးခု ပါရှိမည် ဖြစ်ပြီး iPhone 6 ဘက်ထရီ သက်တမ်းထက် ပျမ်းမျှ နှစ်နာရီကျော်ကြာ အသုံးပြုနိုင်မည် ဖြစ်သည်။
iPhone 7 ၏ Hardware ပိုင်း၌ အရေးပါသော ပြောင်းလဲမှု အနေဖြင့် နားကြပ်ပေါက် ပါရှိမည် မဟုတ်ဘဲ ဘက်ထရီ တစ်ခါ အားသွင်းပြီးလျှင် ငါးနာရီကြာ အသုံးပြုနိုင်သည့် ကြိုးမဲ့ နားကြပ် Airpod ဖြင့် သုံးစွဲနိုင်မည် ဖြစ်သည်။ စပီကာ နှစ်လုံး ပါဝင်မည် ဖြစ်သလို စတီရီယို အသံများဖြင့် ခံစားနားဆင်နိုင်မည် ဖြစ်သည်။ ကင်မရာ အနေဖြင့်လည်း မတူညီသော ပတ်ဝန်းကျင် အနေအထားများ ရရှိနိုင်ရန် မြင်ကွင်းကျယ် မှန်ဘီလူးနှင့် တယ်လီဖိုတို မှန်ဘီလူးများ တပ်ဆင်ထားကြောင်း သိရသည်။

အသစ် မိတ်ဆက်လိုက်သည့် Apple Watch အား တွေ့ရစဉ် (ဆင်ဟွာ)

စက်တင်ဘာလ ၇ ရက်တွင် iPhone 7 နှင့်အတူ Apple Watch ကိုလည်း တဆက်တည်း မိတ်ဆက်ခဲ့သည်။ “Series 2” ဟု အမည်ပေးထားသော Apple Watch အသစ်သည် ရေစိုဒဏ် ခံနိုင်သလို GPS စနစ်လည်း ပါဝင်ကြောင်း သိရသည်။
အထူးသဖြင့် iPhone ၏ အချက်အလက် လုံခြုံရေး စနစ်များအား Apple က ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော် ပြောကြားခဲ့သည်။ ၂၀၁၅ ဒီဇင်ဘာလ ၂ ရက်က ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနို၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုအား ကျူးလွန်ခဲ့သူ သေနတ်သမား နှစ်ဦးအနက် တစ်ဦး အသုံးပြုခဲ့သော iPhone 5c သို့ ဝင်ရောက် အချက်အလက် ရယူနိုင်ရေး အတွက် လုံခြုံရေး စနစ် ဖြည်ပေးရန် FBI ၏ တောင်းဆိုမှုအား Apple ၏ အမှုဆောင် အရာရှိချုပ် တင်မ်ကွတ် (Tim Cook) က ငြင်းဆန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.