Connect with us

Latin America

မသန်စွမ်း အိုလံပစ်တွင် ၄၈ ကီလိုဂရမ်တန်း ဂျူဒို ပြိုင်ပွဲတွင် တရုတ် အမျိုးသမီး လီ ရွှေတံဆိပ်ဆု ဆွတ်ခူး

တရုတ် အမျိုးသမီး လီ လီချင့် (အပေါ်) အား မသန်စွမ်း အိုလံပစ်တွင် ၄၈ ကီလိုဂရမ်တန်း ဂျူဒို ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

ရီယို ဒီဂျနေးရိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ရီယို မသန်စွမ်း အိုလံပစ်ပြိုင်ပွဲ၌ ၄၈ ကီလိုဂရမ်တန်း အမျိုးသမီး ဂျူဒို ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ လီ လီချင့်က စက်တင်ဘာလ ၈ ရက်၌ ပြိုင်ဘက် ဂျာမနီနိုင်ငံမှ ကာမန် ဘရူဆဂ်အား အမှတ်ပြည့်ဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် မျက်မမြင် တစ်ဦး ဖြစ်သူ လီသည် ပထမဆုံးအကြိမ်အဖြစ် မသန်စွမ်း ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
“ဒါဟာ ကျွန်မအတွက် သိပ်ကို တန်ဖိုးကြီးပါတယ်၊ ကျွန်မရဲ့ နည်းပြက ကျွန်မရဲ့ ဖခင်တစ်ဦးလိုပါပဲ၊ သူနဲ့ လက်တွဲခဲ့တာ ၇ နှစ်ရှိပါပြီ၊ သူက ကျွန်မကို အရာအားလုံး သင်ပေးခဲ့တယ်၊ ဒီ ရွှေတံဆိပ်ဆုကို ကျွန်မရဲ့ နည်းပြကို ပေးမှာပါ” ဟု လီက ပြောကြားခဲ့သည်။
လီ၏ ပြိုင်ဘက် ဘရက်ဆဂ်ကလည်း ယခု ပြိုင်ပွဲသည် ကမ္ဘာ့ ချန်ပီယံရှစ် ပြိုင်ပွဲထက် ပိုမို ခက်ခဲပြီး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရကြောင်း၊ ၎င်းအနေဖြင့် ငွေတံဆိပ်ဆု ရရှိခဲ့သည်မှာလည်း မျှတကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.