Latin America
လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီမှု (FTA) အဆင့်မြှင့်တင်ရန် တရုတ် နှင့် ချီလီ နှစ်နိုင်ငံဆွေးနွေး
ဆန်တီယေဂို ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နှင့် ချီလီနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံကြားရှိနေသော လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီမှု ( FTA) ကို အဆင့်မြှင့်တင်ရန် စတင်ဆွေးနွေးခြင်းကို နိုဝင်ဘာလ ၂၂ ရက်က သဘောတူညီခဲ့ကြကြောင်းသိရသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ချီလီနိုင်ငံသို့ချစ်ကြည်ရေးခရီးအလည်အပတ်ရောက်ရှိနေစဉ် အဆိုပါ သဘောတူညီမှုကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ နှင့် ချီလီနိုင်ငံတို့သည် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီမှုကို ၂ဝဝ၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးသည် ၂ဝ၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံထိ မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)