Connect with us

Latin America

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်အာဘေးတို့လီမာမြို့၌ ခဏကြာတွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် အာဘေးတို့ အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လီမာ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် လီမာမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ( APEC) နိုင်ငံခေါင်းဆောင်များအစည်းအဝေးအပြီးတွင် ခဏကြာ သီးသန့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၂ဝ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အား သမ္မတ ရှီကျင့်ဖိန်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး တရုတ်-ဂျပန်နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ကိုယ်စားလှယ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Lu Kang က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.