Connect with us

Latin America

ဇီကာ ကူးစက်ခံရသည့် ကလေးငယ်များ မွေးပြီး လပိုင်းအကြာ ဦးခေါင်းသေးခြင်း ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိ

မွေးကင်းစကလေး တစ်ဦးအား ဦးခေါင်း အရွယ်အစား တိုင်းတာခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မွေးရာပါ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသည့် ကလေးငယ်များသည် မွေးဖွားပြီး လပိုင်းအကြာတွင် ဦးခေါင်းသေးခြင်း သို့မဟုတ် ပုံမှန် မဟုတ်သော ဦးခေါင်းသေးခြင်းများ ဖြစ်ပွားနိုင်ကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (CDC) က နိုဝင်ဘာလ ၂၂ ရက်က ပြောကြားလိုက်သည်။

ဘရာဇီးတွင် မွေးရာပါ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး မွေးဖွားစဉ်က ဦးခေါင်းသေးခြင်း မရှိခဲ့သည့် မွေးကင်းစ ကလေးငယ် ၁၃ ဦးသည် ငါးလအတွင်း ဦးခေါင်း အရွယ်အစား ကြီးထွားမှု တဖြည်းဖြည်း နှေးကွေးလာသည်ကို တွေ့ရှိခဲ့ရကြောင်း Morbidity and Mortality Weekly Report ၌ CDC က ဖော်ပြထားသည်။

အဆိုပါ မွေးကင်းစ ကလေးငယ်များအနက် ၁၁ ဦးသည် မွေးပြီးမှ ဦးခေါင်းသေးခြင်း ဖြစ်လာကြောင်း အမေရိကန်နှင့် ဘရာဇီး သုတေသီများ ပူးပေါင်း ထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။အဆိုပါ ကလေးငယ်များက မွေးရာပါ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး မွေးဖွားပြီးနောက်မှ ဦးခေါင်းသေးခြင်း ဖြစ်လာကြောင်း ဓာတ်ခွဲခန်း သက်သေ အချက်အလက်များဖြင့် ဖော်ပြထားသည့် ပထမဦးဆုံး မွေးကင်းစ လေးငယ်များ ဖြစ်ကြောင်း သိရသည်။ယင်းသို့ တွေ့ရှိချက်အသစ်သည် ကမ္ဘာ တစ်ဝန်းရှိ ဇီကာ ကူးစက်ခံရသည့် မိခင်မှ မွေးဖွားလာသည့် ကျန်းမာသော ကလေးငယ်များအပေါ် သတိပေးခေါင်းလောင်းထိုးလိုက်ခြင်းလည်း ဖြစ်သည်။ (Xinhua)