Connect with us

Latin America

HIV ကူးစက်ခံထားရသည့် ဘရာဇီးလူမျိုး ၃၇၀,၀၀၀ ဆေးကုသမှုခံယူခြင်းမရှိ

ဘရာဇီးနိုင်ငံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘရာဇီးလီယာ၊ ဒီဇင်ဘာ ၁ရက် (ဆင်ဟွာ)

ဘရားဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ အစီရင်ခံစာအသစ်အရ HIVရောဂါပိုး ကူးစက်ခံထားရသည့် ဘရာဇီးလူမျိုး ၃၇၀,၀၀၀ဦးဝန်းကျင်သည် မည်သည့်ဆေးကုသမှုမျှ မရရှိသေးကြောင်း ဝန်ကြီးဋ္ဌာန ကခန့်မှန်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ရက်တွင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ HIVရောဂါပိုး ကူးစက်ခံထားရကြောင်း သိရှိနေသည့် ဘရာဇီးလူမျိုး ၂၆၀,၀၀၀ဦး ခန့်သည် ဆေးကုသမှု မရရှိကြောင်း နှင့် အခြား ဘရာဇီးလူမျိုး ၁၁၂,၀၀၀ ဦးသည် ရောဂါလက္ခဏာများ မပြသသည့်အတွက် HIVရောဂါပိုး ကူးစက်ခံထားရသည်ကို မသိရှိကြကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲတစ်ခု၌ ကျန်းမာရေးဝန်ကြီးဋ္ဌာန ၏ လိင်မှတစ်ဆင့်ကူးဆက်နိုင်သည့် ရောဂါများ၊ အေအိုင်ဒီအက်စ် နှင့် အသည်းရောင်အသားဝါပိုးဋ္ဌာန ညွှန်ကြားရေးမှူး Adele Benzaken က လူနာသည်များအနေဖြင့် ၎င်းတို့၏ အခြေအနေအား သိရှိပြီး မှန်ကန်သည့် ဆေးကုသမှု ခံယူရန် အထူးလိုအပ်ကြောင်း ပြောကြားခဲ့သည်။
Benzaken က ဆေးကုသမှု မရရှိသည့် လူနာသည်များသည် ရောဂါပိုးအား ကူးစက်ခံထားရသည်ကို ငြင်းပယ်ခဲ့ပြီး ၎င်းတို့၏ အခြေအနေကို လက်ခံရန် ခက်ခဲနေကြကြောင်း သိရသည်။
၎င်းက အသက်ငယ်ရွယ်သူ အမျုးိသားများသည် HIV ရောဂါပိုးကူးစက်ခံထားရသည်ကို ငြင်းပယ်နိုင်ကြပြီး အသက် ၅၀ကျော်အရွယ်များ ထက် ၎င်းတို့က လက်ရှိအခြေအနေအားလက်ခံရန် ပိုမိုခက်ခဲကြကြောင်း ပြောကြားခဲ့သည်။
အစိုးရက ဘရာဇီးနိုင်ငံတစ်ဝန်း HIVရောဂါပိုး ကူးစက်ခံထားရသူ ၈၂၇,၀၀၀ဦးရှိပြီး ၇၁၅,၀၀၀ဦးသည် ၎င်းတို့၌ ရောဂါပိုးရှိနေသည်ကို သိရှိကြပြီး ၄၅၅,၀၀၀ဦးက ဆေးကုသမှု ခံယူနေကြကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာအရပ်ရပ်၌ HIVရောဂါပိုး ပျံ့နှံ့မှုအားထိန်းချုပ်ပြီး ဆေးကုသမှုနှုန်းမြင့်တက်လာစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၁ရက်တွင် နိုင်ငံအနှံ့၌ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အား ကျင်းပကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.