Connect with us

Latin America

နိုင်ငံတကာ ဘောလုံးလောက နှင့် ဘောလုံးကစားသမားအကျော်အမော်များမှ ကိုလံဘီယာ၌ လေယာဉ်ပျက်ကျမှု အပေါ်ဝမ်းနည်းကြောင်း ပြောကြား

Chapecoense ကလပ်အသင်းမှ ကစားသမားများ စီးနင်းလိုက်ပါခဲ့သည့် လေယာဉ် ပျက်ကျ ခဲ့သည့် နေရာအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)
ဘရာဇီးနိုင်ငံ Chapecoense ကလပ်အသင်းမှ ကစားသမားများ စီးနင်းလိုက်ပါခဲ့သည့် လေယာဉ်သည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကိုလံဘီယာ နိုင်ငံMedellin မြို့အနီးရှိ အပူပိုင်းသစ်တောတွင် ပျက်ကျ ခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၈၁ ဦးအနက် ၇၆ ဦးသေဆုံး သောကြောင့် နိုင်ငံတကာ ရှိ ဘောလုံးလောက နှင့် ဘောလုံးကစားသမား အကျော်အမော်များက သေဆုံးခဲ့သူများအပေါ် ဝမ်းနည်းကြောင်း ပြောကြား ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ Gianni Infantino က “ဘောလုံးလောက အတွက် အလွန်ဝမ်းနည်းစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်တယ် ၊ ယခုလို ခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးရဲ့စိတ်ဟာလည်း သေဆုံးသွားသည့် သူများ၏မိသားစုများနှင့် ထပ်တူရှိတယ်”ဟုပြောကြား ခဲ့သည်။
Chapecoense ကလပ်အသင်း ဥက္ကဋ္ဌ Ivan Tozzo က ကျွန်တော်တို့ကလပ်အသင်းအနေဖြင့် တောင်အမေရိက ဖလား ဖိုင်နယ်ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း ၊ ကျွန်တော့အနေဖြင့် ဖလားရရှိမည်ဟုမပြောလိုသော်လည်း ကျွန်တော်တို့လူမျိုးအတွက် အလွန်ထင်ရှားစေနိုင်မည်ဖြစ်ကြောင်း ၊ သို့သော် ယခုကဲ့သို့သော ဘေးဒုက္ခ နှင့်ကြုံတွေ့ခဲ့ရသဖြင့် အလွန်ကြီးမားသည့် ဝမ်းနည်းမှုတစ်ခုဖြစ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
ဘရာဇီး ဂန္ဓဝင် ဘောလုံးကစားသမား ပီလီ က “ဘရာဇီး ဘောလုံးလောက တစ်ခုလုံးမှ ဝမ်းနည်းနေကြပြီး ဤသည်မှာ အလွန်ကြီးမားသည့် ဝမ်းနည်းကြေကွဲမှုတစ်ခုဖြစ်ကာ ကျွန်တော် အနေဖြင့် သေဆုံးခဲ့သူများ၏ မိသားစုထံ ထပ်တူဝမ်းနည်းကြောင်း ပြောကြားလိုပြီး သေဆုံးသူအားလုံးငြိမ်းချမ်းစွာ အနားယူ နိုင်ရန်မျှော်လင့်တယ်”ပြောကြားခဲ့သည်။
နိုင်ငံတကာ ဒေသ အသီးသီး မှ ဘောလုံးကလပ်အသင်း မှ ဘောလုံးအားကစား သမားများကလည်း သေဆုံးသူများအပေါ်ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြသည်။ရီးရဲလ်မက်ဒရစ် နှင့် ဘာစီလိုနာ အသင်းတို့မှ ကစားသမားများက ထိုနေ့လေ့ကျင့်ရေးတွင် ဆုံးရှုံးသူများကို ရည်ရွယ်၍ တစ်မိနစ် ငြိမ်သက်ခဲ့ကြသည်။ စီးရီးအေ ဘောလုံးပွဲစဉ်များတွင်လည်း ဘောလုံးပွဲမစတင်မီ သေဆုံးသူများကို ရည်ရွယ်၍ တစ်မိနစ် ငြိမ်သက်ပေးခဲ့ကြသည်။
အာဂျင်တီးနား ဂန္ဓဝင် ဘောလုံး ကြယ်ပွင့် မာရာဒိုနာ က ” ကျွန်တော်အနေဖြင့် ကိုလံဘီယာ လေကြောင်း အဖြစ်ဆိုးတွင် ဆုံးရှုံးခဲ့သည့်သူများ၏ မိသားစုများကို ထက်တူဝမ်းနည်းကြောင်း ပြောလိုတယ်”ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ တွင် ဖော်ပြခဲ့သည်။
ထို့ပြင် စီ ရော်နယ်ဒို မှ ကိုလံဘီယာ တွင် ဖြစ်ပွားခဲ့သည့် အဖြစ်ဆိုးသည် တုန်လှုပ်စေခဲ့ပြီး မိသားစု များ နှင့် မိတ်ဆွေများအနေဖြင့် အတူတကွပူးပေါင်းကာ အခက်အခဲကို ကျော်လွှားနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး အာဂျင်တီးနား ဘောလုံးကြယ်ပွင့် မက်ဆီ မှလည်း ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ တွင် Chapecoense ကလပ်အသင်း သင်္ကေတ နှင့် ဖဲကြိုးနက် ပါသည့် ပုံကိုတင်ခဲ့ပြီး ထပ်တူတပ်မျှ ဝမ်းနည်ရပြီး မိသားစု များအနေဖြင့် အဖြစ်ဆိုးကို ဖြတ်ကျော် နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ကြသည်။
Chapecoense ကလပ်အသင်း သည် ယခုနှစ် ဘရာဇီး စီးရီးအေဘောလုံးရာသီတွင် အမှတ်ပေး ဇယား အဆင့် ၉ တွင် ရှိနေပြီး တောင်အမေရိကဖလား တွင်လည်း ခြေစွမ်းပြကာ ဖိုင်နယ်ကို ရောက်ရှိနေသော အသင်းဖြစ်သည်။ Chapecoense ကလပ်အသင်း သည် ဗိုလ်လုပွဲ ကစားရန် ကိုလံဘီယာ သို့သွားရောက်စဉ် ယခု အဖြစ်ဆိုးဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားပြီးနောက်တွင် ဗိုလ်လုပွဲ ပြိုင်ဘက် အသင်းဖြစ်သည့် ကိုလံဘီယာ အမျိုးသားရေး အသင်း မှ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ထံ Champion ဆုတံဆိပ် အား Chapecoense ကလပ်အသင်း သို့ပေးအပ်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.