ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနယ်နိမိတ် တွင် သြဂုတ်လအတွင်း ၌ လူ၆၄,၀၀၀ အား ဖမ်းဆီးခြင်း သို့မဟုတ် နိုင်ငံအတွင်းဝင်ခွင့်မပြုခြင်း ဆောင်ရွက်ခဲ့ပြီး သုံးလဆက်တိုက်ကျဆင်းမှုဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ နှင့် အာဂျင်တီးနား နိုင်ငံတို့သည် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍတွင် ၂၀၂၉ ခုနှစ် နောက်ဆုံးထား၍ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိစေရန် သဘောတူညီချက် တစ်ရပ်အား စက်တင်ဘာ ၆ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘောလုံးအကျော်အမော် တစ်ဦးဖြစ်သူ ရော်နယ်ဒင်ဟို (Ronaldinho) သည် တောင်အာဖရိကနိုင်ငံမှ ထွက်ခွာခွင့် တားမြစ်ကြောင်း တရားရုံးမှ အမိန့်ချထားသည့်ကြားမှ ဘရာဇီးနိုင်ငံ၏ ခရီးသွားလုပ်ငန်း သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရကြောင်း သိရသည်။
လာပတ်ဇ် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ဘိုလီးဗီးယား မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လ အထိ ပြုလုပ်ခဲ့သော စစ်ဆင်ရေး ၈,၂၆၂ ခု အတွင်း မူးယစ်ဆေးဝါး ၂၂၀.၇ တန်အား ဖမ်းဆီးရမိ ခဲ့ကြောင်း တာဝန်ရှိသူ...
ရီအိုဒီဂျနေးရိုး၊ သြဂုတ်လ ၃၁ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျာဘိုလ်ဆိုနာရို(Jair Bolsonaro) က ဘရာဇီးနိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်တိုး တက်မှုရှိနေသော်လည်း စီးပွားရေးနာလန်ထူမှုကနှေးကွေးမှုရှိကောင်းရှိနေမည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။
ဘိုဂိုတာ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ၏ ယခင်လက်နက်ကိုင်သူပုန်အဖွဲ့ဟောင်းဖြစ်သောကိုလံဘီယာတော်လှန်ရေးလက် နက်ကိုင်တပ်ဖွဲ့ (FARC) ၏ ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင်ဟောင်း အီဗန်မာကွက်ဇ် (Ivan Marquez) က၎င်းအနေဖြင့် အခြားသော FARC သူပုန်အဖွဲ့၏ ခေါင်းဆောင်ဟောင်းများနှင့်အတူ ပြန် လည်၍ လက်နက်ကိုင်တိုက်ခိုက်မှု ပြုလုပ်ရလိမ့်မည်ဟု သြဂုတ် ၂၉ ရက်က ကြေညာလိုက်ကြောင်း...
ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အမေဇုံမုတ်သုံသစ်တော မီးလောင်မှုကို ငြှိမ်းသတ်ရန် G7 အဖွဲ့ဝင်နိုင်ငံများထံမှ အကူအညီအား ဘရာဇီးနိုင်ငံက သြဂုတ်လ ၂၆ ရက်က ငြင်းပယ်လိုက်ကြောင်း သိရသည်။
ဘရာဇီးလီယာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် အမေဇုံမုတ်သုံသစ်တောနှင့် သဘာဝအရင်းအမြစ်များအတွင်း “ကျွန်ုပ်တို့၏ အချုပ်အခြာအား အာမခံရန်” ပူးတွဲအစီအစဉ်တစ်ခုအကြောင်း ကိုလံဘီယာနိုင်ငံ သမ္မတနှင့် ပြောဆိုခဲ့ကြသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံက အမေဇုန်မုတ်သုံသစ်တော၌ လောင်ကျွမ်းနေသည့် တောမီးကိုငြှိမ်းသတ်ရန် စစ်ဘက်လေယာဉ်များကို စေလွှတ်ထားပြီးဖြစ်ကြောင်း ဘရာဇီးကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အမေဇုံသစ်တော၌ တောမီးများအနှံ့အပြား ဆက်လက်လောင်ကျွမ်းနေစဉ် သမ္မတ Jair Bolsonaro က သဘာဝပတ်ဝန်းကျင် ထိခိုက်အောင်ပြုလုပ်သည့် ရာဇဝတ်မှုများကို “လုံးဝသည်းခံမည်မဟုတ်” ကြောင်း သြဂုတ် ၂၃ ရက် ညနေပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။