Connect with us

Latin America

ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် သေဆုံးသူအရေအတွက် ၉၀ ဦးအထိရောက်ရှိလာ

ဘရာဇီးနိုင်ငံ Rio Grande do Sul ပြည်နယ်၊ Santo Afonso မြို့တွင် ရေဘေးဒဏ်သင့်သူများအား ရွှေ့ပြောင်းပေးနေသော ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ၂၀၂၄ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပိုလို၊ မေ ၈ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ တောင်ပိုင်း Rio Grande do Sul ပြည်နယ်၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မုန်တိုင်းများ တိုက်ခတ်မှုကြောင့် နောက်ထပ် လူ ၅ ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူအရေအတွက် ၉၀ ကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်နယ်မြို့ပြကာကွယ်ရေးအေဂျင်စီက မေ ၇ ရက်၌ ပြောကြားခဲ့သည်။ ဥရုဂွေးနှင့် အာဂျင်တီးနား စသည့်နိုင်ငံများနှင့်ထိစပ်နေသော အဆိုပါပြည်နယ်တွင် လွန်ခဲ့သော ၈ ရက်အတွင်း စံချိန်တင်မိုးရွာသွန်းမှု၊ ရေကြီးရေလျှံဖြစ်မှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ လူ ၁၃၂ ဦး ပျောက်ဆုံးပြီး ၃၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ၂၀၀,၀၀၀ ကျော်အား ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Death toll from south Brazil’s storms reaches 90
SAO PAULO, May 7 (Xinhua) — Five more people were killed by storms ravaging south Brazil’s Rio Grande do Sul state in the last 24 hours, bringing the death toll to 90, the state’s civil defense agency said Tuesday. In the state bordering Uruguay and Argentina, record rainfall, flooding and mudslides have left 132 people missing and 361 injured, and forced over 200,000 residents to evacuate from homes over the past eight days.
Photo 1: A rescue team evacuate flood-affected people in Santo Afonso, Novo Hamburgo, in the state of Rio Grande do Sul, Brazil, on May 7, 2024. (Photo by Claudia Martini/Xinhua)