Latin America
Rio 2016 အိုလံပစ် လက်မှတ်များ စတင်ရောင်းချတော့မည်

ရီယို ဒီ ဂျနေးရိုး၊ မေ ၅ ရက် (ဆင်ဟွာ)
ကျွမ်းဘား၊ ကနူးလှေ နှင့် လှေလှော် ပြိုင်ပွဲများ အတွက် အိုလံပစ် လက်မှတ်များကို စတင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ဘရာဇီး နိုင်ငံ Rio 2016 အိုလံပစ်ပွဲ ကျင်းပသူများက မေလ ၄ ရက်တွင် ပြောကြားခဲ့သည်။
ကဏ္ဍအလိုက် တန်ဖိုးငွေ သတ်မှတ်ထားသည့် အရေအတွက် အတိအကျ သတ်မှတ်ထားခြင်း မရှိသော လက်မှတ်များကို Rio 2016 အင်တာနက် စာမျက်နှာမှ တစ်ဆင့် မေလ ၅ ရက် နေ့လည်ပိုင်းတွင် စတင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
Rio 2016 အိုလံပစ်ပွဲ ကျင်းပရေး ကော်မတီ က ၎င်းတို့သည် ယခင်ရက်များတွင် မရရှိနိုင်သည့် အိုလံပစ်ပွဲ အမျိုးအစား လက်မှတ်များကို ကြာသပတေးနေ့တိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခြားနိုင်ငံများမှ Rio 2016 အိုလံပစ်ပွဲ ကြည့်ရူလိုသူ ပရိသတ်များအတွက် ၎င်းတို့နိုင်ငံများ ဖွင့်လှစ်ထားသည့် တရားဝင် လက်မှတ် အရောင်းဋ္ဌာန များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
အိုလံပစ်ပွဲ ကျင်းပသည့် ကွင်း အတွက် ထိုင်ခုံ နေရာများ သတ်မှတ်ပြီး ဖြစ်သောကြောင့် လာမည့် ရက်သတ္တပါတ်များ အတွင်း လက်မှတ် အစောင်ရေ တစ်သန်းကျော် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)