Connect with us

Latin America

ကော့စတာရီကာ ရှိ စလော့(Sloth) အဖွဲ့အစည်းက မိဘမဲ့ စလော့(Sloth) များအား ကြည့်ရှု စောင့်ရှောက်ထား

ကော့စတာရီကာ ရှိ စလော့(Sloth) အဖွဲ့အစည်းက စောင့်ရှောက်ထားသည့် မိဘမဲ့ စလော့(Sloth) အကောင်ငယ်လေးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီဂျန်နိုင်ရို၊ မေလ ၈ရက် (ဆင်ဟွာ)

ကော့စတာရီကာ ရှိ စလော့(Sloth) အဖွဲ့အစည်းက မိခင်မရှိတော့သည့် စလော့(Sloth) အကောင်ငယ်လေး များ အား ကယ်ဆယ်ထားပြီး တောထဲသို့ ပြန်လည် လွှတ်ပေးသည့် အရွယ်မရောက်ခင်အထိ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ပေးထားကြောင်း သိရသည်။

စလော့(Sloth) များသည် အမေရိကတိုက်၏ အပူပိုင်းဒေသ နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ပြီး လှုပ်ရှားသွားလာမှု နှေးကွေးကာ သစ်ကိုင်းများကို ၎င်းတို့၏ လက်သည်းရှည်များနှင့် တွယ်ချိတ်ကာ တွဲလောင်းခို၍ နေထိုင်တတ်ကြသည်။

ကော့စတာရီကာ ရှိ စလော့(Sloth) အဖွဲ့အစည်းက စောင့်ရှောက်ထားသည့် မိဘမဲ့ စလော့(Sloth) အကောင်ငယ်လေးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စလော့(Sloth) အဖွဲ့အစည်း အား တွဲဖက် တည်ထောင်သူ Sam Trull က စလော့(Sloth) အကောင်ငယ်လေး များ အနေဖြင့် တောထဲတွင် လွယ်ကူစွာ အသက်ရှင် နေထိုင်နိုင်ရန် အတွက် အခြေခံ အသက်ရှင် နေထိုင်မှု ဆိုင်ရာ စနစ်များကို သင်ယူခဲ့ရပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကော့စတာရီကာ ရှိ စလော့(Sloth) အဖွဲ့အစည်းက စောင့်ရှောက်ထားသည့် မိဘမဲ့ စလော့(Sloth) အကောင်ငယ်လေးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဆိုပါ အဖွဲ့အစည်းအား ၂၀၁၃ခုနှစ် တွင် စတင် ဖွဲ့စည်းခဲ့ပြီး သုသေတန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အလားတူ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ခြင်း နှင့် ပြည်သူများအား ဗဟုသုတ အသိပညာပေး ရန် ရွယ်ရည်ကြောင်း သိရသည်။

Trull က “လူတွေဟာ စလော့(Sloth)တွေ ဘယ်လောက် ဆော့ကစားနိုင်တယ်ဆိုတာကို များသောအားဖြင့် သတိမထားမိကြပါဘူး” ဟုပြောကြားခဲ့သည်။

၎င်းက “တကယ်တော့ စလော့(Sloth) တွေဟာ စူးစမ်းလိုစိတ် ပြင်းထန်ပြီး ကစားတာကို သဘောကျတတ်တဲ့ သတ္တဝါတွေ ဖြစ်ပေမယ့် လူအများစုကတော့ ဒါကို ဘယ်တော့မှ သိမြင်မှာ မဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.