Connect with us

Latin America

ဒေဝါလီခံရန် တင်ပြလာသော ကုမ္ပဏီ အရေအတွက် ဘရာဇီးတွင် နှစ်ဆခန့် မြင့်တက်လာ

ဘရာဇီးနိုင်ငံတွင် စီးပွားရေး ကျဆင်းနေသဖြင့် သမ္မတ Dilma Rousseff အား ပြည်သူများ ဆန္ဒပြနေစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ မေ ၅ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ပထမ လေးလ အတွင်း ဘရာဇီးနိုင်ငံ၌ ကုမ္ပဏီပေါင်း ၅၇၁ ခုသည် ဒေဝါလီခံရန် စာရင်း ပေးသွင်းထားရာ ၂ဝ၁၅ ခုနှစ် ယင်းကာလမျိုးထက် ၉၇.၆ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း ဘရာဇီးနိုင်ငံ ဥပဒေ အကြံပေးအဖွဲ့တစ်ခုက မေလ ၄ ရက်တွင် ပြောကြားသည်။

ဘရာဇီး ကုမ္ပဏီများ ဒေဝါလီခံမှု မြင့်တက်နေခြင်းသည် ၂ဝဝ၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး စံချိန်ဖြစ်ကြောင်း Serasa Experian ပြည်တွင်း ဥပဒေအကြံပေး ကုမ္ပဏီ က ဆိုသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း အလတ်စား ကုမ္ပဏီ ၁၄၉ ခု ၊ အကြီးစား နှင့် အသေးစား ကုမ္ပဏီ ၃၂၇ ခု တို့က ဒေဝါလီခံခွင့် ပေးပါရန် အသနားခံစာ တင်ထားကြောင်း သိရသည်။
ဧပြီလ တစ်လထဲမှာပင် ကုမ္ပဏီပေါင်း ၁၆၂ ခုထိ ဒေဝါလီခံရန် စာရင်း ပေးသွင်းခဲ့ရာ မတ်လထက် ကုမ္ပဏီပေါင်း ၁၅၈ ခု ပိုမိုခဲ့ကြောင်း ၊ ထို့ပြင် ၂ဝ၁၅ ခုနှစ် ဧပြီလ နှင့် နှိုင်းယှဉ်ပါက ဒေဝါလီခံသည့် ကုမ္ပဏီ ၉၈ ခု ပိုများခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ကုမ္ပဏီအများအပြား ဒေဝါလီ ခံလာရခြင်းမှာ လက်တလော ဘရာဇီးနိုင်ငံ၏ စီးပွားရေး ကျဆင်းနေခြင်းကြောင့် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၏ GDP သည် ၃.၈ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီး ယခုနှစ်တွင် ၃.၉ ရာခိုင်နှုန်းထိ တိုး၍ ကျဆင်းနေသည်။
တောင်အမေရိက တိုက်ရှိ ဘရာဇီးနိုင်ငံသည် အလုပ်လက်မဲ့ ပြဿနာ နှင့် ငွေကြေးဖောင်းပွမှု ပြဿနာ များလည်း မြင့်တက်လျက်ရှိနေပြီး ယခုအခါ နိုင်ငံ၏ ချေးငွေ အတိုးနှုန်းမှာ ၁၄.၂၅ ရာခိုင်နှုန်းထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.