Connect with us

Africa & Middle East

တရုတ် ဆေးကုသရေးအဖွဲ့ ဂါဘွန်နိုင်ငံသို့ သွားရောက်၍ ဆေးကုသရေးလှုပ်ရှားမှု ဆောင်ရွက်

ဂါဘွန်နိုင်ငံတောင်ပိုင်း Nyanga ပြည်နယ် Tchibanga မြို့တွင် တရုတ်နိုင်ငံ (ထျန်းကျင်း) ၂၆ ကြိမ်မြောက် ဆေးကုသရေးအဖွဲ့ဝင်က ဒေသခံ လူနာအား အာထရာဆောင်းစစ်ဆေးမှု လုပ်ဆောင်ပေးနေသည်ကို စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇာဗီးလ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ (ထျန်းကျင်း) ၂၆ ကြိမ်မြောက် ဆေးကုသရေးအဖွဲ့သည် စက်တင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ ဂါဘွန်နိုင်ငံတောင်ပိုင်းသို့ သွားရောက်၍ ဆေးကုသရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆေးကုသရေးအဖွဲ့ ခေါင်းဆောင် လျိုရိက ယခုအကြိမ်လှည့်လည်ဆေးကုသရေးလှုပ်ရှားမှုတွင် သွားနှင့်ခံတွင်း၊ ခွဲစိတ်ကုသရေး၊ နား-နှာခေါင်း-လည်ချောင်း၊ မီးယပ်၊ မျက်စိ၊ ကလေးကုသရေးနှင့် တရုတ်ဆေးပညာ စသည့် ကဏ္ဍများ ပါဝင်ကြောင်း၊ ဆေးကုသရေးအဖွဲ့သည် ဂါဘွန်နိုင်ငံတောင်ပိုင်း Nyanga ပြည်နယ်နှင့် Ngounie ပြည်နယ်တို့တွင် စုစုပေါင်း လူနာအကြိမ်ရေ ၂,၈၀၀ ကျော်ကို ဆေးကုသပေးနိုင်ခဲ့ပြီး လူနာများအား ရောဂါလက္ခဏာနှင့်ကိုက်ညီသော ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း ရှင်းလင်းပြောပြခဲ့သည်။
ယခုအကြိမ်လှည့်လည်ဆေးကုသရေးလှုပ်ရှားမှုသည် ဂါဘွန်နိုင်ငံ သမ္မတ၏ဇနီးဖြစ်သူ Zita Oligui Nguema ၏ အဆိုပြုမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ယခုအကြိမ်လှည့်လည်ဆေးကုသရေးလှုပ်ရှားမှုသည် ဂါဘွန်-တရုတ်နှစ်နိုင်ငံကြား ကြာရှည်လှသော ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး၏ သက်ဝင်လှုပ်ရှားသော အဓိပ္ပာယ်ဖွင့်ဆိုမှုဖြစ်ကြောင်း ၎င်းက ဤလှုပ်ရှားမှုကာလအတွင်း သတင်းကြေညာချက် ထုတ်ပြန်ကာ ပြောကြားခဲ့သည်။
၁၉၇၇ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံ ထျန်းကျင်းမြို့သည် ဂါဘွန်နိုင်ငံသို့ ဆေးကုသရေးအဖွဲ့၂၆ ဖွဲ့ ရှေ့ဆင့်နောက်ဆင့်စေလွှတ်ခဲ့ပြီး စုစုပေါင်း လူဦးရေအကြိမ်ရေ ၅၈၉ သည် ဂါဘွန်နိုင်ငံ ဒေသအများအပြားသို့ ထဲထဲဝင်ဝင်သွားရောက်၍ ဆေးကုသရေး ဝန်ဆောင်မှုပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံ (ထျန်းကျင်း) ၂၆ ကြိမ်မြောက် ဆေးကုသရေးအဖွဲ့သည် လက်ရှိတွင် လစ်ဗရီဗေးလ်မြို့နှင့် ဖရန့်စီဗေးလ်မြို့တို့၌ အဖွဲ့ခွဲများ ဖွဲ့စည်းကာ ဒေသခံ ပြည်သူများအား ဆက်လက်ဆေးကုသရေး ဝန်ဆောင်မှုပေးလျက်ရှိပြီး ချီးကျူးဂုဏ်ပြုမှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သည်။ (Xinhua)

ဂါဘွန်နိုင်ငံတောင်ပိုင်း Nyanga ပြည်နယ် Tchibanga မြို့တွင် တရုတ်နိုင်ငံ (ထျန်းကျင်း) ၂၆ ကြိမ်မြောက် ဆေးကုသရေးအဖွဲ့ဝင်က ဒေသခံ ကလေးငယ်အား ကျန်းမာရေးစစ်ဆေးပေးနေသည်ကို စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
中国医疗队在加蓬开展巡诊活动
新华社布拉柴维尔9月20日电(记者郑扬子)利伯维尔消息:中国(天津)第26批援加蓬医疗队15日至19日在加蓬南部开展巡诊活动。
医疗队队长刘毅介绍,此次巡诊活动涉及口腔科、外科、耳鼻喉科、妇科、眼科、儿科及中医等领域,医疗队在加蓬南部尼扬加省、恩古涅省共接诊超过2800人次,患者获赠了对症药品。
本次巡诊活动是在加蓬总统夫人齐塔·奥利吉·恩圭马的倡议下开展的。她在活动期间发布新闻公告说,健康是国家发展的基石,本次巡诊活动是加中两国长期友好合作关系的生动诠释。
自1977年以来,中国天津市已先后向加蓬派出26批医疗队,共计589人次,深入加蓬多个地区开展诊疗服务。中国(天津)第26批援加蓬医疗队目前在利伯维尔和弗朗斯维尔设有分队,持续服务当地民众,赢得广泛赞誉。(完)
图说1:9月15日,在加蓬南部尼扬加省奇班加市,中国(天津)第26批援加蓬医疗队成员为当地患者进行超声检查。新华社发(第26批援加蓬医疗队供图)
图说2:9月15日,在加蓬南部尼扬加省奇班加市,中国(天津)第26批援加蓬医疗队成员为当地儿童检查身体。新华社发(第26批援加蓬医疗队供图)