Connect with us

Media

ကုလသမဂ္ဂအကြီးအကဲက စစ်အာဏာသိမ်းခြင်းက အကျပ်အတည်းများကို ပို၍ဆိုးရွားလာစေကြောင်း သတိပေးကာ ဒီမိုကရေစီနည်းကျအုပ်ချုပ်မှုအား တိုက်တွန်း

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အာဖရိက၌ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုများအား ဖြေရှင်းရာတွင် တရားဥပဒေစိုးမိုးရေး ကျောထောက်နောက်ခံပြုထားသည့် ရေရှည်ခိုင်မာသည့် ဒီမိုကရေစီနည်းကျအုပ်ချုပ်မှု ထူထောင်ရေး၏ အရေးပါမှုကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဩဂုတ် ၃၁ ရက်တွင် အလေးပေးဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်မတိုင်မီနှစ်များအတွင်း မာလီ ၊ ဆူဒန် ၊ ဂီနီ ၊ ချဒ်နိုင်ငံ ၊ ၂၀၂၂ ခုနှစ်တွင် ဘာကီနာဖာဆိုနိုင်ငံ ၊ ပြီးခဲ့သည့်လတွင် နိုင်ဂျာနိုင်ငံတို့၌ စစ်အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက် ဩဂုတ် ၃၀ ရက်တွင်လည်း ဂါဘွန်နိုင်ငံ၌ စစ်တပ်က အာဏာသိမ်းရယူမှု ဖြစ်ပေါ်ခဲ့သည်။

ဂါဘွန်နိုင်ငံ သမ္မတ Ali Bongo အား ရွေးကောက်ပွဲဆိုင်ရာ မမှန်မကန်စွပ်စွဲချက်များ ရှိခဲ့သော်လည်း ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများက သမ္မတ Ali Bongo အား လာမည့်သက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် မကြာမီ ဂါဘွန်စစ်တပ်က အာဏာသိမ်းယူကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

……………………………..
(English Version)
UN chief cautions military coups only worsen crises, urges democratic governance
Addressing the recent series of military coups predominantly in Africa, UN Secretary-General Antonio Guterres on Thursday underscored the importance of establishing lasting democratic governance backed by the rule of law.
Wednesday’s military takeover in Gabon came on the heels of Niger last month, Burkina Faso in 2022, and Chad, Guinea, Sudan and Mali in the years prior to that.
The Gabonese military takeover was announced not long after the electoral authorities declared that President Ali Bongo had secured another term, even though there were allegations of electoral irregularities.
Xinhua News Agency correspondents reporting from UN Headquarters.(XHTV)