Connect with us

International Organizations

ဂါဇာဒေသ ရေရှည်အပစ်ရပ်ရေးအား မဖြစ်မနေ ဖော်ဆောင်ရမည်ဟု တရုတ်ကိုယ်စားလှယ် အလေးထားပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အရှေ့အလယ်) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ဂါဇာဒေသ ရေရှည်အပစ်ရပ်ရေးအား မဖြစ်မနေ ဖော်ဆောင်၍ ဂါဇာဒေသ လူသားချင်းစာနာမှု ကပ်ဘေးအား ဆောလျင်စွာဖြေရှင်းကာ ဂါဇာဒေသ စစ်ပွဲအလွန် အစီအစဉ်များကို လျော်ကန်စွာ တွန်းအားပေးဖော်ဆောင်ခြင်းဖြင့် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” နိုင်ငံရေးအလားအလာကို ပြန်လည်မြှင့်တင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးက အောက်တိုဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးမှုအတွင်း အလေးထား ပြောကြားခဲ့သည်။
လက်ရှိ အပစ်အခတ်ရပ်စဲမှုသည် ဘက်စုံရေရှည်အပစ်အခတ်ရပ်စဲမှု၏ အခြေခံဖြစ်သင့်ကြောင်း၊ သို့သော် ပူပန်ဖွယ်ရာဖြစ်စေသည်မှာ အပစ်ရပ်မှု သဘောတူညီချက်အား ချိုးဖောက်သည့်လုပ်ရပ်များ ဖြစ်ပွားနေဆဲကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေရကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် အပစ်ရပ်မှု သဘောတူညီချက် တောင်းဆိုချက်အား ဘက်စုံလိုက်နာကာ စစ်မှန်သော ဘက်စုံရေရှည်အပစ်အခတ်ရပ်စဲမှုအား တွန်းအားပေးဖော်ဆောင်၍ ဂါဇာဒေသ၌ လုံခြုံရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိမှုကို အာမခံပေးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
လက်ရှိဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီ ပြန်လည်ဖော်ဆောင်လာနေပြီဖြစ်သော်လည်း အတားအဆီး အထပ်ထပ်နှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ လူသားချင်းစာနာမှု အရေးပေါ် အကူအညီလိုအပ်ချက်အား မဖြေရှင်းနိုင်သေးကြောင်း ဖုချုံးက ထောက်ပြ ပြောကြားခဲ့သည်။
အစ္စရေးအနေဖြင့် သိမ်းပိုက်သူဘက်၏ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ တာဝန်ဝတ္တရားအား မဖြစ်မနေ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်သည့်နေရာအားလုံးကို ဖွင့်လှစ်ကာ ဂါဇာဒေသသို့ လူသားချင်းစာနာမှု အကူအညီပစ္စည်းများ ပမာဏအများအပြား ဝင်ရောက်မှုနှင့် လုံခြုံစွာ စနစ်တကျခွဲဝေမှုကို အာမခံပေးရမည်ဖြစ်ကြောင်း၊ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) စသည့် လူသားချင်းစာနာမှု အဖွဲ့အစည်းများ၏ ကူညီမှုလုပ်ဆောင်သည့် အတားအဆီးများကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂါဇာဒေသသည် ပါလက်စတိုင်းပြည်သူများ၏ မိသားစုဥယျာဉ်ဖြစ်ကာ နိုင်ငံတကာ နိုင်ငံရေး၏ အပေးအယူ မဟုတ်ကြောင်း၊ ဂါဇာဒေသ၏ အနာဂတ်နှင့်စပ်လျဉ်းသည့် စီစဉ်မှုမှန်သမျှတွင် “ပါလက်စတိုင်းသားများက ပါလက်စတိုင်းအား စီမံအုပ်ချုပ်မှု” ဟူသည့် နိုင်ငံတကာအသိုင်းအဝိုင်းက ရရှိထားသော သဘောတူညီချက်ကို မဖြစ်မနေ လက်ကိုင်ထား၍ ပါလက်စတိုင်းပြည်သူများ၏ ကိုယ်ပိုင်ဆန္ဒအား လေးစားရန်လိုအပ်ကြောင်း၊ နှစ်နှစ်ကြာ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာဒေသသည် နေရာတကာ အပျက်အစီး အကြွင်းအကျန်များဖြင့် နေထိုင်၍မရတော့ရာ ပြန်လည်တည်ဆောက်ရေး စတင်ခြင်းနှင့် ပြည်သူလူနေမှုဘဝ ပြန်လည်ဖော်ဆောင်ခြင်းတို့ကို အစောဆုံး မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အား အကောင်အထည်ဖော်ခြင်းသည် ပါလက်စတိုင်းအရေးကိစ္စအား ဖြေရှင်းရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ထွက်ပေါက်ဖြစ်ပြီး အစားထိုး၍မရသလို ငြင်းပယ်၍လည်း မရကြောင်း ဖုချုံးက အလေးထား ပြောကြားခဲ့သည်။
ပါလက်စတိုင်းက လွတ်လပ်စွာ နိုင်ငံထူထောင်ပြီး အမျိုးသား တရားဝင်အခွင့်အရေးကို ဖော်ဆောင်မှသာ သမိုင်းအရ မမျှတမှုနှင့် အကြမ်းဖက်မှု၏ အရင်းအ‌မြစ်ကို ဖယ်ရှားနိုင်မည်ဖြစ်ရာ ပါလက်စတိုင်း-အစ္စရေးအကြား ရေရှည်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း အခြေချနေထိုင်ရာနေရာများ၌ လှုပ်ရှားမှု၊ ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့၏ စီမံခန့်ခွဲမှု အခြေခံကို ဖျက်ဆီးခြင်းအား မဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြိုးပမ်းမှုများကို စုစည်း၍ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အခြေခံအား ဖျက်ဆီးသည့် တစ်ဖက်သတ်လှုပ်ရှားမှုများကို အတူတကွဆန့်ကျင်ပြီး ပါလက်စတိုင်းက ဆောလျင်စွာ ကိုယ်ပိုင်ရပ်တည်၍ နိုင်ငံထူထောင်ကာ ကုလသမဂ္ဂ၏ တင်းပြည့် အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီသည် နိုင်ငံတကာ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန် အဓိကတာဝန်ကို ထမ်းဆောင်ထားရရာ ဂါဇာဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းရန်အတွက် တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ဖုချုံးက ထောက်ပြပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဘက်စုံရေရှည်အပစ်အခတ်ရပ်စဲရန်၊ လူသားချင်းစာနာမှု ကပ်ဘေး ပြေလျော့ရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အကောင်အထည်ဖော်ရန် တွန်းအားပေး၍ နောက်ဆုံးတွင် ပါလက်စတိုင်း အရေးကိစ္စအား ဘက်စုံ တရားမျှတစွာ ရေရှည်ဖြေရှင်းနိုင်မှုကို အကောင်အထည်ဖော်ရန် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
中国代表强调必须实现加沙持久停火
新华社联合国10月23日电 中国常驻联合国代表傅聪23日在联合国安理会中东问题公开辩论会上发言,强调必须实现加沙持久停火,尽快缓解加沙人道灾难,妥善推进加沙战后安排,重振“两国方案”政治前景。
傅聪说,当前的停火应当成为全面持久停火的基础。但令人不安的是,违反停火协议的行为仍在发生,造成无辜平民伤亡。中方呼吁有关各方全面遵守停火协议要求,推动实现真正的全面持久停火,确保加沙重获安全与稳定。
傅聪指出,当前加沙人道援助虽有所恢复,但仍面临重重阻碍,紧迫的人道需求远未缓解。以色列必须履行占领方的国际人道法义务,开放全部过境点,保障人道物资大规模进入加沙和安全有序分发,解除对联合国近东巴勒斯坦难民救济和工程处等人道机构开展援助的限制。
傅聪表示,加沙是巴勒斯坦人民的家园,不是国际政治的筹码。任何关于加沙未来的安排,都必须坚持“巴人治巴”这一国际社会业已达成的共识,都需要尊重巴勒斯坦人民自己的意愿。经过两年的狂轰滥炸,加沙满目疮痍、无法居住,必须尽快开启重建、恢复民生。
傅聪强调,落实“两国方案”是解决巴勒斯坦问题的唯一可行出路,不可替代、不容否定。只有巴勒斯坦独立建国,实现民族正当权利,才能消除历史不公和暴力根源,达成巴以之间的长久和平共存。以色列必须停止在约旦河西岸的定居点活动,停止破坏巴勒斯坦民族权力机构的治理基础。国际社会应当汇聚努力,共同反对破坏“两国方案”基础的单边行动,支持巴勒斯坦早日独立建国并成为联合国正式会员国。
傅聪指出,安理会承担着维护国际和平与安全的首要责任,应当为维护加沙和平与稳定发挥积极作用。中方愿同国际社会一道,为推动全面持久停火、缓解人道灾难、落实“两国方案”,最终实现巴勒斯坦问题全面公正持久解决作出不懈努力。(完)
图说:10月23日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在联合国安理会中东问题公开辩论会上发言。新华社记者 张凤国 摄