Connect with us

Asia

“ဒါက သံတမန်ဆက်ဆံရေး ယုံကြည်ချက်ကို သစ္စာဖောက်တဲ့ စက်ဆုပ်ဖွယ်ရာလုပ်ရပ်ပဲ” ဟု တောင်ကိုရီးယားပညာရှင်က ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သော မှားယွင်းသည့်ပြောဆိုချက်အား ဝေဖန်ပြောကြား

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသော ယာယီလွှတ်တော် အောက်လွှတ်တော် ဝန်ကြီးချုပ် ရွေးကောက်ပွဲအတွင်း အနိုင်ရရှိပြီးနောက် မတ်တတ်ရပ် ဂါရဝပြုသော ဆာနာအဲ တာကာအိချိအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

“ဒါက သံတမန်ဆက်ဆံရေး ယုံကြည်ချက်ကို သစ္စာဖောက်တဲ့ စက်ဆုပ်ဖွယ်ရာလုပ်ရပ်ပဲ” ဟု တောင်ကိုရီးယားနိုင်ငံ တောင်ကိုရီးယား-တရုတ် မြို့ပြချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Kwon Ki-sik က နိုဝင်ဘာ ၁၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သော မှားယွင်းသည့်ပြောဆိုချက်နှင့်စပ်လျဉ်း၍ ဆင်ဟွာသတင်းထောက် သီးသန့်တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။ ဂျပန်သည် တရုတ်နိုင်ငံပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိသလို တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလည်း ကိုင်လှုပ်နိုင်သည့် လုပ်ပိုင်ခွင့် ပို၍ပင်မရှိကြောင်း၊ “ဒါက သံတမန်ဆက်ဆံရေးထုံးတမ်းစဉ်လာတွေကို လျစ်လျူရှုပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ မဟုတ်မမှန်တဲ့ ပြောဆိုချက်ပဲ” ဟု ၎င်းက ဆိုသည်။

“နိုင်ငံတကာကျင့်ထုံးကနေ နိုင်ငံတကာဥပဒေအထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစောကတည်းက အတည်ပြုထားပြီးဖြစ်ပါတယ်” ဟု Kwon Ki-sik က ပြောကြားခဲ့သည်။ ယနေ့တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်က ထိုင်ဝမ်အရေးကိစ္စအား ထပ်မံလှုံ့ဆော်ပြောကြားခဲ့ရာ ယင်းမှာ “ဂျပန်နိုင်ငံက လုပ်ဆောင်သင့်တဲ့ သဘောထားမဟုတ်တာကြောင့် ပြင်းပြင်းထန်ပြစ်တင်ရှုတ်ချတာ ခံရသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ ဆာနာအဲ တာကာအိချိသည် စတင်တာဝန်ထမ်းဆောင်သည်နှင့် ဒေသတွင်းငြိမ်းချမ်းရေးအား ဖျက်ဆီးသည့် ပြောဆိုချက်အား ထုတ်ဖော်ပြောကြားမှုသည် “အင်မတန် မသင့်တော်တာကြောင့် ပြစ်တင်ရှုတ်ချခံသင့်ပါတယ်” ဟု ၎င်းက ဝေဖန်ပြောကြားခဲ့သည်။

ဂျပန်သည် အရှေ့အာရှဒေသ၌ ကျူးကျော်မှုစစ်ပွဲ လုပ်ဆောင်ခဲ့ဖူးသဖြင့် တောင်ကိုရီးယား၊ တရုတ် စသည့် နိုင်ငံများကို ကြီးမားသောထိခိုက်နစ်နာမှု ဖြစ်စေခဲ့ကြောင်း၊ “ဂျပန်က နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆင်ခြင်သုံးသပ်သင့်ပါတယ်” ဟု Kwon Ki-sik က ဆိုသည်။ ၎င်း၏အမြင်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် အရှေ့အာရှနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအား ကာကွယ်ပေးသည့် အခြေခံသဘောတူညီချက်ဖြစ်ပြီး “ဂျပန်နိုင်ငံက ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း ကိုင်လှုပ်ပိုင်ခွင့် မရှိပါဘူး” ဟု ယူဆသည်။
ဂျပန်စစ်ဝါဒ ပြန်လည်ရေဆန်တက်မှုသည် အန္တရာယ်များသော မှားယွင်းသည့် စိတ်ကူးယဉ်မှုတစ်မျိုးဖြစ်ကာ အတိတ်ကို ပြန်သွား၍မရနိုင်သလို ဂျပန်၏အနာဂတ်ကိုလည်း ကပ်ဘေးများ သယ်ဆောင်လာပေးလိမ့်မည်ဟု Kwon Ki-sik က ယူဆသည်။ စစ်ဝါဒသည် လူငယ်များကိုစစ်မြေပြင်သို့ ထပ်မံတွန်းပို့လိုက်ပြီး အပြစ်မဲ့ပြည်သူများက စစ်ပွဲကြောင့်ထိခိုက်မှုကို ထပ်မံခံစားရမည်ဖြစ်ကြောင်း၊ “ဒီလိုမျိုးအတွေးအခေါ်က ဂျပန်ပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ဘဝကို ဖျက်ဆီးမဲ့ အဓိကတရားခံဖြစ်လို့ မဖြစ်မနေတားဆီးရပါမယ်” ဟု ၎င်းက ထောက်ပြခဲ့သည်။ ဂျပန်က သမိုင်းအကြောင်းသင်ကြားမှုတွင် ပြန်လည်ဆင်ခြင်သုံးသပ်ရန်ခေါင်းပါးမှုမှာ ပြဿနာ၏ အရင်းခံဖြစ်ကြောင်း၊ “လူငယ်တွေက နားမလည်ဘူး၊ ပြန်လည်ဆင်ခြင်သုံးသပ်မှုမရှိဘူး။ ဒါ့အပြင် သူတစ်ပါးနိုင်ငံအပေါ် တာဝန်ခံယူဖို့မရှိဘူးလို့ ယူဆမယ်ဆို ဒါက ဂျပန်နိုင်ငံရဲ့အနာဂတ်အတွက် အလွန်ကံမကောင်းတာပဲ” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။
Kwon Ki-sik က ဂျပန်လက်ယာယိမ်းအင်အားစုများ၏ လှုပ်ရှားမှုအား သုံးသပ်ပြောကြားရာ၌ ဂျပန်နိုင်ငံပြည်တွင်း၏ အစွန်းရောက် လက်ယာယိမ်းလုပ်ရပ်များ ထင်တိုင်းကြဲနေပြီး ၎င်း၏နောက်ကွယ်တွင် တရုတ်နိုင်ငံတိုးတက်လာမှုအပေါ် နက်ရှိုင်းသောအန္တရာယ်ခံစားချက်ရှိသလို ရေရှည်စီးပွားရေးရပ်တန့်မှုကြောင့် ဆုံးရှုံးမှုခံစားချက်လည်း ပါဝင်နေသည်ဟု ဆိုသည်။ “ဂျပန်က ယခင်က အဆက်မပြတ်တိုးတက်နေတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံပါ။ ယခုမှာတော့ ‘ပျောက်ဆုံးသွားတဲ့ နှစ် ၃၀၊ နှစ် ၄၀၊ နှစ် ၅၀’ ထဲ ကျရောက်နေပြီး မျှော်လင့်ချက်ကို မတွေ့မြင်ရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပါတယ်” ၊ မိမိကိုယ်ကိုယုံကြည်ချက်ကင်းမဲ့မှုကြောင့်ပင် ဂျပန်လက်ယာယိမ်းအင်အားစုများက ပြည်ပ ပဋိပက္ခအားကိုးဖြင့် မိမိ၏တည်ရှိမှုခံစားချက်အား ရှာဖွေခြင်းပင်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဂျပန်က အကြောင်းမဲ့ရန်စမှုသည် ပြည်တွင်းနိုင်ငံရေးရည်ရွယ်ချက်ကြောင့်ဖြစ်သည်ဟု Kwon Ki-sik က ယူဆသည်။ ဆာနာအဲ တာကာအိချိသည် ညွန့်ပေါင်းအစိုးရတွင် အာဏာရအုပ်ချုပ်သဖြင့် နိုင်ငံရေးအခြေခံအားပျော့ကာ ဝန်ကြီးချုပ်ရာထူးအား ထိန်းသိမ်းထားရန်အတွက် လက်ယာယိမ်းနှင့် ကြားနေအင်အားစုများကို အသုံးပြုရန် ကြိုးပမ်းလာပြီး ယင်းအတွက်ကြောင့်ပင် ဂျပန်-တရုတ် အငြင်းပွားမှုများကို ဖန်တီးရန် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း၊ “ဒါပေမဲ့ ဒါက ဆိုးရွားစွာမှားယွင်းတဲ့ ရွေးချယ်မှုပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ ဆာနာအဲ တာကာအိချိသည် နိုင်ငံအကျိုးစီးပွားအား ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ပဋိပက္ခများဆိုတာကိုသာ အကြောင်းမဲ့ ဖန်တီးခြင်းသည် နောက်ဆုံးတွင် နိုင်ငံအကျိုးစီးပွား နစ်နာဆုံးရှုံးမှုကိုသာ ဖြစ်စေမည်ဟု ၎င်းက ထောက်ပြပြောကြားခဲ့သည်။
အရှေ့အာရှအခြေအနေအား မျှော်မှန်းပါက အရှေ့အာရှဒေသ တင်းမာမှုအခြေအနေ၏ အရင်းခံသည် ရေရှည်အားဖြင့် အမေရိကန်ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအမေရိကန်မူဝါဒကမူ အခြေအနေတင်းမာနေမှုကို ပိုမိုဆိုးရွားသွားစေကြောင်း၊ ထိုအခြေအနေအောက်တွင် ဆာနာအဲ တာကာအိချိက အခြေအနေကို တစ်ဆင့်တိုး လှုံ့ဆော်လိုက်သဖြင့် “အရှေ့အာရှဒေသ အခြေအနေ ပိုမိုတင်းမာလာစေတဲ့ အကြောင်းရင်း ဖြစ်သွားပါတယ်” ဟု Kwon Ki-sik က ထောက်ပြခဲ့သည်။
သို့သော်လည်း ယနေ့အရှေ့အာရှဒေသကို လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကနှင့် ယှဉ်၍မရတော့ကြောင်း ၎င်းက ထောက်ပြခဲ့ပြီး ဂျပန်အနေဖြင့် လက်တွေ့ကို အမှန်အတိုင်းရှုမြင်ရန်၊ လက်တွေ့မကျသော မှားယွင်းသည့် စိတ်ကူးယဉ်မှုများအား ဖယ်ရှားရန်၊ “ငြိမ်းချမ်းသောအရှေ့အာရှ၊ ငြိမ်းချမ်းသော ဂျပန်နိုင်ငံ တည်ဆောက်ပြီး ပြည်သူများကို ကောင်းမွန်တဲ့ လူနေမှုဘဝရရှိအောင် လုပ်ဆောင်ခြင်းကသာ ဂျပန်နိုင်ငံရဲ့ ထွက်ပေါက်အစစ်အမှန်ဖြစ်ပါတယ်” ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
专访|“这是背叛外交信义的卑劣之举”——韩国专家批高市早苗涉台错误言论
新华社首尔11月20日电 专访|“这是背叛外交信义的卑劣之举”——韩国专家批高市早苗涉台错误言论   新华社记者张粲 陈怡 杨畅
“这是对外交信义的背叛,是卑劣之举。”韩国韩中城市友好协会会长权起植19日在首尔就日本首相高市早苗的涉台错误言论接受新华社记者专访时表示,日本无权干涉中国内政,更没有任何权力动摇一个中国原则。“这是无视外交惯例、彻底违反国际法的妄言!”
“从国际惯例到国际法,一个中国原则早已确立。”权起植说,如今日本首相却再次挑起台湾问题,这不是“日本应该采取的态度,理应受到强烈谴责”。他批评说,高市早苗上任即发表破坏地区和平的言论,“极其不恰当,理应受到谴责”。
权起植说,日本曾在东亚发动侵略战争,给韩国、中国等国造成巨大伤害,“日本应该深刻反省”。在他看来,一个中国原则是维护东亚与世界和平的基本共识,“日本没有任何权力干涉,也没有任何权力动摇一个中国原则”。
权起植认为,日本军国主义回潮是一种危险妄想,既不可能重返过去,也将给日本未来带来灾难。他指出,军国主义会再次把青年推向战场,让无辜平民再度承受战争伤害。“这种想法是破坏日本人民和平生活的祸首,必须加以遏制。”他强调,日本持续对历史教育缺乏反思,是问题根源所在,“青年不理解、不反省,甚至觉得对他国没有责任,这对日本未来极其不幸”。
权起植在分析日本右翼势力动向时说,日本国内极右翼行为猖獗,其背后既有对中国崛起的深刻危机感,也有长期经济停滞导致的失落感。“日本过去是不断成长的经济强国,如今却陷入‘失去的30年、40年、50年’,成为一个看不到希望的国家。”他表示,正因缺乏自信,日本右翼借助外部冲突寻求存在感。
权起植认为,日本无端制造挑衅是出于国内政治目的。高市早苗在联合政府中执政,政治基础脆弱,为维持首相位置试图动员右翼与中间派势力,因此选择制造日中矛盾。“但这是严重误判。”他指出,高市早苗不考虑国家利益,只制造无谓的冲突,最终反而会造成国家利益损失。
展望东亚局势,权起植指出,东亚紧张局势的根源长期来自美国,而当前美国政策又使局势紧张加剧。在此情形下,高市早苗进一步挑动局势,“成为让东亚更紧张的因素”。但他指出,如今的东亚已非80年前可比,他呼吁日本正视现实,摒弃不切实际的妄想,“建设和平的东亚、和平的日本,让民众过好日子,才是日本真正的出路”。(完)
图说:10月21日,在日本东京,自民党总裁高市早苗(中)在临时国会众议院首相指名选举中胜出后起身致谢。新华社记者 贾浩成 摄