Latin America
မက္ကဆီကို မူးယစ်ဂိုဏ်း၏ လက်စားချေလှုပ်ရှားမှုကြောင့် လုံခြုံရေးဝန်ထမ်း ၂၇ ဦး သေဆုံး
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
“ဂျလစ်စကို မျိုးဆက်သစ်” မူးယစ်ဂိုဏ်း ခေါင်းဆောင်သည် စစ်တပ်၏ ဖမ်းဆီးလှုပ်ရှားမှုအတွင်းသေဆုံးခဲ့ပြီးနောက် ယင်းမူးယစ်ဂိုဏ်းသည် ဒေသအများအပြားတွင် လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် လုံခြုံရေးဝန်ထမ်း ၂၇ ဦး သေဆုံးခဲ့ရကြောင်း မက္ကဆီကို လုံခြုံရေးဝန်ကြီး Omar Garcia Harfuch က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေး ဌာနများကို ပစ်မှတ်ထားသော တိုက်ခိုက်မှုစုစုပေါင်း ၂၇ မှုကို အစိုးရ မှတ်တမ်းတင်ခဲ့ကြောင်း၊ ယင်းအနက် ဂျလစ်စကိုပြည်နယ်တွင် တိုက်ခိုက်မှု ၆ မှုဖြစ်ပွားခဲ့ပြီး အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၅ ဦး၊ အကျဉ်းထောင်စောင့် ၁ ဦးနှင့် ပြည်နယ်ရှေ့နေချုပ်ရုံးဝန်ထမ်း ၁ ဦး သေဆုံးခဲ့ရကြောင်း Harfuch က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
သက်ဆိုင်ရာ ပဋိပက္ခအတွင်း ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် စုစုပေါင်း ၃၀ ဦးသေဆုံးခဲ့ကြောင်း၊ မက္ကဆီကို ဖက်ဒရယ်အစိုးရသည် ဂျလစ်စကိုပြည်နယ်သို့ လုံခြုံရေးအင်အား တိုးမြှင့်စေလွှတ်ခဲ့ပြီး အခြေအနေကို ရင်ဆိုင်တုံ့ပြန်ရန် နိုင်ငံတော်အဆင့် ကွပ်ကဲညှိနှိုင်းရေးစင်တာ ထူထောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဂျလစ်စကို မျိုးဆက်သစ်” သည် မက္ကဆီကိုနိုင်ငံတွင် အဓိက မူးယစ်ဆေးဝါးရောင်းချသည့်ဂိုဏ်းများအနက် တစ်ခုဖြစ်သည်။ ယင်းဂိုဏ်းခေါင်းဆောင် Nemesio Oseguera Cervantes သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် မက္ကဆီကို စစ်တပ်၏ ဖမ်းဆီးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့ရာ ယင်းနောက် ဂျလစ်စကိုပြည်နယ်နှင့် ၎င်းအိမ်နီးချင်းပြည်နယ်များတွင် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ မူးယစ်ဆေးဝါးရောင်းချသည့်ဂိုဏ်းအဖွဲ့ဝင်များက မော်တော်ကားများ မီးရှို့ခြင်း၊ လမ်းများ ပိတ်ဆို့ခြင်း၊ စီးပွားရေးအဆောက်အအုံများ မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ အချို့သော ပြည်နယ်များက ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျောင်းပိတ်ကြောင်း ကြေညာခဲ့သည်။
အဓိကရုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် စီစဉ်ထားသော လမ်းအတားအဆီးများကို ထိုနေ့တွင် ယေဘုယျအားဖြင့် ဖယ်ရှားခဲ့ပြီး ပြည်တွင်းအခြေအနေများသည် ပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Sheinbaum Pardo က ဖေဖော်ဝါရီ ၂၃ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကို စီးတီးတွင် လုံခြုံရေးဝန်ထမ်းများ လမ်းမပေါ်တွင် တာဝန်ထမ်းဆောင်သည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


…………………………..
(Chinese Version)
墨西哥贩毒集团报复行动致27名安全人员死亡
新华社墨西哥城2月23日电(记者翟淑睿 吴昊)墨西哥安全部长奥马尔·加西亚·阿富奇23日说,“哈利斯科州新生代”头目在军方抓捕行动中身亡后,该贩毒集团在多地发动报复袭击,造成27名安全人员死亡。
阿富奇在一场新闻发布会上说,政府共记录到27起针对执法部门的攻击。其中,在哈利斯科州发生6起袭击事件,造成25名国民警卫队成员、一名监狱看守和一名州总检察院工作人员丧生。
他表示,相关冲突中共有30名有组织犯罪集团成员死亡。墨西哥联邦政府已向哈利斯科州增派安全力量,并成立国家级指挥协调中心,以应对局势。
“哈利斯科州新生代”是墨西哥主要贩毒集团之一。该集团头目内梅西奥·奥塞格拉·塞万提斯22日在墨西哥军方抓捕行动中身亡,哈利斯科州及其邻近州随后爆发骚乱。贩毒集团成员点燃汽车封锁道路,纵火焚烧商业设施。一些州宣布学校23日停课。
墨西哥总统辛鲍姆23日早些时候表示,为应对骚乱而设置的路障当天已经基本撤除,国内局势趋向平静。(完)
图说1:2月23日,在墨西哥首都墨西哥城,墨西哥安全部长奥马尔·加西亚·阿富奇(右)出席新闻发布会。新华社发(弗朗西斯科·卡涅多摄)
图说2:2月23日,在墨西哥首都墨西哥城,安全人员在街头执勤。新华社发(弗朗西斯科·卡涅多摄)
