Connect with us

Media

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်း ပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး

မက္ကဆီကိုစီးတီး ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ တနင်္ဂနွေနေ့ စုပေါင်းဝတ်ပြုကိုးကွယ်နေစဉ်အတွင်း ဘုရားကျောင်း ခေါင်မိုး ပြိုကျမှု ဖြစ်ပွားခဲ့ကာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယင်းဖြစ်စဉ်သည် Tamaulipas ပြည်နယ် Madero မြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆောက်အဦ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်သော်လည်း ကျွမ်းကျင်သူများက အတည်ပြုရန် လိုအပ်နေဆဲဖြစ်ကြောင်း ပြည်နယ် ပြည်သူ့လုံခြုံရေးပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117