Connect with us

Africa & Middle East

နှစ်သစ်တွင် မဒါဂတ်စ်ကာ-တရုတ် ဆက်ဆံရေး ရှင်သန်စွမ်းအားသစ်များဖြင့် တောက်ပနေရန် မျှော်လင့်ဟု မဒါဂတ်စ်ကာ နိုင်ငံခြားရေးဝန်ကြီး ဆို

မဒါဂတ်စ်ကာနိုင်ငံ မြို့တော် အန်တန်နန်ရီဗိုလ်၌ မဒါဂတ်စ်ကာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကျင်းပသော နွေဦးပွဲတော် ရသာမွန်ပွဲတော်နှင့် ဒေသတွင်း ၂၀၂၆ ခုနှစ် “တရုတ်-အာဖရိက ပြည်သူချင်း ဖလှယ်ရေးနှစ်” လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား တက်ရောက်နေသော မဒါဂတ်စ်ကာ နိုင်ငံခြားရေးဝန်ကြီး Christine Razanamahasoa အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်တန်နန်ရီဗိုလ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

နှစ်သစ်တွင် မဒါဂတ်စ်ကာ-တရုတ် ဆက်ဆံရေး ရှင်သန်စွမ်းအားသစ်များဖြင့် တောက်ပနေရန် မျှော်လင့်ကြောင်း၊ တရုတ်ပြည်သူများထံသို့ မြင်းနှစ်အတွက် နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းစကားပါးလိုက်ကြောင်း မဒါဂတ်စ်ကာ နိုင်ငံခြားရေးဝန်ကြီး Christine Razanamahasoa က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။

မဒါဂတ်စ်ကာနှင့် တရုတ် နှစ်နိုင်ငံသည် ကာလကြာရှည်စွာ ကောင်းမွန်တည်ငြိမ်သော နှစ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်သစ်တွင် ဆက်ဆံရေး ရှင်သန်စွမ်းအားသစ်များဖြင့် တောက်ပနေရန်မျှော်လင့်ကြောင်း Christine Razanamahasoa က ထိုနေ့တွင် မြို့တော် အန်တန်နန်ရီဗိုလ်၌ မဒါဂတ်စ်ကာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကျင်းပသော နွေဦးပွဲတော် ရသာမွန်ပွဲတော်နှင့် ဒေသတွင်း ၂၀၂၆ ခုနှစ် “တရုတ်-အာဖရိက ပြည်သူချင်း ဖလှယ်ရေးနှစ်” လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား တက်ရောက်စဉ် အလေးထားပြောကြားခဲ့သည်။

မဒါဂတ်စ်ကာအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန်ယုံကြည်မှု တစ်ဆင့်တိုးမြှင့်တင်ခြင်း၊ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေခြင်း၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်းဖလှယ်မှုအား တိုးမြှင့်ခြင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား အတူတကွ တွန်းအားပေးခြင်းတို့ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း Christine Razanamahasoa က ပြောကြားခဲ့သည်။

မဒါဂတ်စ်ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျိဖိန်က အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ကမ္ဘာ့ဒေသအသီးသီးက တရုတ်နွယ်ဖွားများက နွေဦးပွဲတော်ဆင်နွှဲရာတွင် မိသားစုဝင်များနှင့် ဆုံစည်း၍ ရသာမွန်ဟင်းလျာများကို အတူမျှဝေခံစားကြကြောင်း၊ ယင်းကဖော်ပြထားသော တရုတ်ရိုးရာ အစဉ်အလာသည် မဒါဂတ်စ်ကာ၏ ဓလေ့ထုံးစံနှင့် တူညီမှုရှိကြောင်း၊ ပွဲတက်ဧည့်သည်တော်များကလည်း နွေဦးပွဲတော် ဓလေ့ထုံးစံများကို လက်တွေ့ပါဝင်လုပ်ဆောင်ရင်း ၎င်းတွင်ပါဝင်သော “သင့်မြတ်၍ သဟဇာတဖြစ်မှုတရား” ကို ခံစားကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဧည့်သည်တော်များက တရုတ်ရသာမွန်စားသောက်ဖွယ်များကို မြည်းစမ်း၍ တရုတ်ဓလေ့ အနုပညာ ဖျော်ဖြေတင်ဆက်မှုများကို ရှုစားခဲ့ကြသည့်အပြင် မှင်စုတ်တံဖြင့်လည်း နှစ်သစ်ကူး ဆုမွန်ကောင်းစကားများ ရေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
马达加斯加外长 :期待马中关系在新一年焕发新活力
新华社塔那那利佛2月8日电(记者陈绍华)马达加斯加外交部长拉扎纳马哈苏阿7日表示,期待马中关系在新一年焕发新活力,并向中国人民致以马年新春祝福。
拉扎纳马哈苏阿当天在首都塔那那利佛出席中国驻马达加斯加大使馆举办的春节美食会暨当地2026年“中非人文交流年”活动开幕式时强调,长期以来,马中两国保持着良好稳定的双边关系,希望两国关系在新的一年能够焕发新的活力。
拉扎纳马哈苏阿还说,马方愿同中方一道,进一步加强互信,深化经贸合作,促进两国人文交流,共同推动构建人类命运共同体。
中国驻马达加斯加大使季平在活动致辞中表示,世界各地华人欢庆春节,都会与家人团聚、共享佳肴,其中所体现的中华传统与马达加斯加习俗相通。希望来宾亲身体验春节民俗,感受蕴含其中的“和合之道”。
活动上,来宾们品尝了中国美食,观看了国风艺术表演,还用毛笔写下了新春祝福。(完)
图说:2月7日,马达加斯加外交部长拉扎纳马哈苏阿(前)在首都塔那那利佛出席中国驻马达加斯加大使馆举办的春节美食会暨当地2026年“中非人文交流年”活动开幕式。新华社发(西塔卡·拉乔纳里松摄)