Europe
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံက ဗဟုဝင်ရိုး ကမ္ဘာလုံးဆိုင်ရာစည်းစနစ် တည်ဆောက်မှုအတွက် အရေးကြီးအနက်အဓိပ္ပာယ်ရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို
မော်စကို၊ မတ် ၁၃ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ဗဟုဝင်ရိုး ကမ္ဘာလုံးဆိုင်ရာစည်းစနစ် တည်ဆောက်မှုအတွက် အရေးကြီးအနက်အဓိပ္ပာယ်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
Maria Zakharova က ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုအား ဖြေကြားရာ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာလက တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) +” အစည်းအဝေးကာလအတွင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က တရုတ်နိုင်ငံအဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အပေါ် အပြုသဘောဆောင်စွာ သုံးသပ်ပြောကြားခဲ့ပြီး ယင်းအစီအမံအပေါ် ရုရှားဘက်က အတိအလင်း ထောက်ခံအားပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
ရုရှား-တရုတ် နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသည့်သဘောတူညီချက်အရ ဗဟုဝင်ရိုးကမ္ဘာ တည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း လွတ်လပ်သောအင်အားအနေဖြင့် ရုရှားနှင့် တရုတ် နှစ်နိုင်ငံသည် နှစ်ဖက်ဆက်ဆံရေး၏ အလားအလာအင်အားများကို အပြည့်အဝဖော်ထုတ်ရန်၊ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်နှင့် အခြေခံမူအား အခြေပြုသည့် နိုင်ငံတကာဆက်ဆံရေးနှင့် အခြေခံစံနှုန်းတို့အား ကာကွယ်ထိန်းသိမ်းရန်၊ တန်းတူညီမျှ၍ စနစ်ကျသော ကမ္ဘာကြီးဗဟုဝင်ရိုးအသွင်ပြောင်းခြင်းနှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီ အသွင်ပြောင်းခြင်းတို့ကို တွန်းအားပေးဖော်ဆောင်ရန်၊ အင်အားများစုစည်း၍ ပိုမိုလျော်ကန်ပြီး တရားမျှတသော ဗဟုဝင်ရိုးကမ္ဘာ တည်ဆောက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Maria Zakharova က ပြောကြားခဲ့သည်။
ရုရှား-တရုတ်နှစ်နိုင်ငံက အခြေခံမူရပ်တည်ချက်တွင် ကိုက်ညီမှုရှိခြင်းသည် နှစ်ဖက်က SCO ၊ BRICS ယန္တရား အပါအဝင် နိုင်ငံတကာပလက်ဖောင်းများစွာ၌ လက်တွေ့ကျညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း Maria Zakharova က အလေးထား ပြောကြားခဲ့သည်။ (Xinhua)
—————————-
(Chinese Version)
俄外交部:全球治理倡议对构建多极世界秩序具有重要意义
新华社莫斯科3月12日电(记者赵冰)俄罗斯外交部发言人扎哈罗娃12日表示,全球治理倡议对于构建更加公正的多极世界秩序具有重要意义。
扎哈罗娃当天在例行记者会上回答新华社记者提问时说,2025年9月天津“上海合作组织+”会议期间,俄罗斯总统普京对中方提出的全球治理倡议给予积极评价,对这一倡议俄方明确表示支持。
扎哈罗娃表示,根据俄中两国元首达成的共识,作为建立多极世界进程中的独立力量,俄中将充分挖掘双边关系潜力,维护以联合国为核心的国际体系和以《联合国宪章》宗旨和原则为基础的国际关系基本准则,推动实现平等有序的世界多极化和国际关系民主化,凝聚力量构建更加公正合理的多极世界。
扎哈罗娃强调,俄中两国在原则立场上的契合,将有助于加强双方在包括上海合作组织、金砖国家机制在内的多个国际平台的务实协作。(完)
图说:这张视频截图显示,2025年12月25日,俄罗斯外交部发言人扎哈罗娃在莫斯科举行的外交部例行记者会上讲话。新华社发
