Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ ခွေးရူးပြန်ရောဂါဖြစ်ပွားသူပေါင်း ၁၆၉ ဦးရှိပြီး ၁၆၀ သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အခမဲ့ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော အိမ်မွေးခွေးတစ်ကောင်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ခွေးရူးပြန်ရောဂါ ဖြစ်ပွားသူ ၁၆၉ ဦးရှိပြီး ၁၆၀ သေဆုံးကြောင်း အစိုးရက ဇွန် ၅ ရက်တွင် ပြောသည်။
လွန်ခဲ့သည့်နှစ် အလားတူကာလက ခွေးရူးပြန်ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၁၃ ရာခိုင်နှုန်းတိုးလာကြောင်း ကျန်းမာရေးဦးစီးဌာန (ဒီအိုအိတ်ချ်) ကပြောသည်။

ရောဂါဖြစ်ပွားသူ ၉၀ ရာခိုင်နှုန်းကျော်မှာ ခွေးကိုက်ခြင်းမှ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်ကြောင်း၊ ခြောက်ရာခိုင်နှုန်းခန့်မှာ ကြွက် သို့မဟုတ် အခြားသော တိရစ္ဆာန်များ ကိုက်ခံရခြင်းမှဖြစ်ပွားကြောင်းသိရသည်။
အသက်ဆုံးရှုံးနိုင်သော ကူးစက်ခံထားရသူ လူနာကိုးဦး၏ အခြေအနေကို စစ်ဆေးလျက်ရှိကြောင်း ဒီအိုအိတ်ချ်ကပြောသည်။
ခွေးရူးပြန်ရောဂါသည် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောသည်။ အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန်ရောဂါကာကွယ် ဆေးထိုးနှံကြရန်နှင့် ခွေး သို့မဟုတ် ကြောင်များ ကိုက်ခံရပါက ဆေးဝါးကုသမှု အမြန်ဆုံးခံယူရန် ဖိလစ်ပိုင်နိုင်ငံသားများကို ကျန်းမာရေးဝန်ကြီး ဟာဘိုဆာက တောင်းဆိုထားသည်။ (Xinhua)
…………………………..
(English Version)
Philippines tallies 169 rabies cases, 160 deaths since January 2024
MANILA, June 5 (Xinhua) — The Philippines has tallied 169 human rabies cases and 160 deaths from January to May this year, the government said Wednesday.
The country’s Department of Health (DOH) said the number of cases this year is 13 percent higher than the 150 cases recorded in the same period last year.
Over 90 percent of the cases contracted the virus from dog bites, while around 6 percent from cat or other animal bites. The DOH said it is still checking the status of the nine patients who contracted the deadly virus.
According to the World Health Organization (WHO), rabies is a vaccine-preventable viral disease affecting the central nervous system. The incubation period for rabies is typically two to three months but may vary from a week to a year, depending on factors such as the location of virus entry and the viral load.