North America
စီးပွားရေးအချက်အလက်များအရ အမေရိကန်ဒေါ်လာခိုင်မာလာ
နယူးရောက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဈေးကွက်အတွင်း နောက်ဆုံးရအချက်အလက်များအား ဆန်းစစ်ချက်အရ ဧပြီ ၂၂ ရက်နှောင်းပိုင်း ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာမှာ အမြင့်ဘက်သို့ ဦးတည်ခဲ့ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာအား အဓိက ငွေကြေး ၆ ခုနှင့်နှိုင်းယှဉ်ထားသော ဒေါ်လာအညွှန်းကိန်းသည် ဝ.၂၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၉၁.၃၃၈၉ ဖြစ်လာကြောင်း သိရသည်။
နယူးရောက်ကုန်သွယ်ရေး၌ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ ၁.၂၀၂၈ ရှိခဲ့ရာမှ မှ ၁.၂၀၀၇ သို့ ကျဆင်းခဲ့ကြောင်းနှင့် ဗြိတိန်ပေါင် သည် အမေရိကန်ဒေါ်လာ ၁.၃၉၂၇ မှ ၁.၃၈၃၆ သို့ ကျဆင်းခဲ့ကြောင်း သိရသည်။ သြစတြေးလျဒေါ်လာသည်လည်း အမေရိကန်ဒေါ်လာ ဝ.၇၇၅၁ မှ ဝ.၇၇၀၆ သို့ကျဆင်းခဲ့သည်။
အမေရိကန် တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁၀၈.၁၀ ရှိခဲ့ရာမှ ၁၀၈.၀၉ သို့ကျဆင်းခဲ့ကြောင်း သိရသည်။ အမေရိကန်တစ်ဒေါ်လာလျှင် ဆွစ်ဖရန့်ငွေ ဝ.၉၁၇၂ မှ ဝ.၉၁၈၂ သို့မြင့်တက်ခဲ့ပြီး ကနေဒါဒေါ်လာ ၁.၂၄၉၆ မှ ၁.၂၄၉၈ သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။
အချက်အလက်များအရ အမေရိကန်နိုင်ငံ၏ ကနဦးအလုပ်လက်မဲ့ဦးရေအား အကြမ်းဖျင်းနည်းလမ်းဖြင့်တိုင်းတာရာတွင် ဧပြီ ၁၇ ရက် အဆုံးသတ် ရက်သတ္တပတ်၌ ၅၄၇,၀၀၀ ရှိရာ ပြီးခဲ့သည့် ရက်သတ္တပတ်နှင့် နှိုင်းယှဥ်ပါက ၃၉,၀၀၀ ဦး လျော့ကျခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဧပြီ ၂၂ ရက် တွင် ထုတ်ပြန်ခဲ့သည်။ Wall Street ဂျာနယ်မှ စီးပွားရေးပညာရှင်များအားကောက်ယူခဲ့သည့်စစ်တမ်းအရ အလုပ်လက်မဲ့ဦးရေ အသစ်မှာ ခန့်မှန်းခြေ ၆၀၃,၀၀၀ ရှိနိုင်ကြောင်း သိရသည်။
၎င်းမှာ ၂၀၂၀ ပြည့်နှစ် မတ် ၁၄ ရက် နောက်ပိုင်းတွင် အနိမ့်ဆုံးကနဦးအလုပ်လက်မဲ့ဦးရေစာရင်း ဖြစ်လာကြောင်း ယင်းစစ်တမ်းက ဆိုသည်။ (Xinhua)
————————————
(English Version)
U.S. dollar strengthens amid economic data
NEW YORK, April 22 (Xinhua) — The U.S. dollar moved higher in late trading on Thursday as market participants sifted through the latest data.
The dollar index, which measures the greenback against six major peers, increased 0.20 percent at 91.3389.
In late New York trading, the euro was down to 1.2007 U.S. dollars from 1.2028 dollars in the previous session, and the British pound fell to 1.3836 dollars from 1.3927 U.S. dollars in the previous session. The Australian dollar was down to 0.7706 U.S. dollar from 0.7751 dollar.
The U.S. dollar bought 108.09 Japanese yen, lower than 108.10 Japanese yen of the previous session. The U.S. dollar rose to 0.9182 Swiss franc from 0.9172 Swiss franc, and it rose to 1.2498 Canadian dollars from 1.2496 Canadian dollars.
On the data front, U.S. initial jobless claims, a rough way to measure layoffs, registered 547,000 in the week ending April 17, a decrease of 39,000 from the previous week’s revised level, the Department of Labor reported on Thursday. Economists surveyed by the Wall Street Journal had estimated 603,000 new claims.
The reading also marks the lowest level for initial claims since March 14, 2020, said the report. Enditem