Connect with us

North America

ဗြိတိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဇွန်လတွင် ဘိုင်ဒန် သွားရောက်မည်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၌ ၄၆ ကြိမ်မြောက်အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သမ္မတဂျိုးဘိုင်ဒန်က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ၎င်းစတင်တာဝန်ယူခဲ့သည့် ဇန်နဝါရီလ မှစ၍ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗြိတိန် နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဇွန်လတွင် သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဧပြီ ၂၃ ရက်တွင်ပြောသည်။

ဘိုင်ဒန်သည် ဗြိတိန်နိုင်ငံ Cornwall ၌ ဇွန် ၁၁ ရက် မှ ၁၃ ရက်အတွင်း ပြုလုပ်မည့် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး G7 အဖွဲ့ဝင် ခေါင်းဆောင်များနှင့် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း အိမ်ဖြူတော်မှထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့နောက် ဘိုင်ဒန်သည် ဇွန် ၁၄ ရက်တွင် ကျင်းပမည့် NATO ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ သွားရောက်ရန်ရှိကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် NATO အဖွဲ့ဝင်ခေါင်းဆောင်များနှင့် နှစ်နိုင်ငံဆွေးနွေးမှုများပြုလုပ်ပြီး အမေရိကန်-ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

G7 တွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြသည်။ သြစတြေးလျ၊ အိန္ဒိယ နှင့် တောင်ကိုရီးယား နိုင်ငံတို့အား ယခုနှစ် G7 ထိပ်သီးအစည်းအဝေးသို့ ဧည့်နိုင်ငံများအဖြစ် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Biden to visit Britain, Belgium in June
WASHINGTON, April 23 (Xinhua) — The White House said on Friday that President Joe Biden will travel to Britain and Belgium in June, the first overseas visit since he took office in January.
Biden will attend the Group of Seven (G7) Summit in Cornwall, Britain from June 11 to 13, and hold bilateral meetings with leaders of G7 members, the White House said in a statement.
Biden will then travel to Brussels, Belgium to participate in the NATO Summit on June 14. He will also hold bilateral meetings with fellow NATO leaders and attend a U.S.-EU Summit.
The G7 gathers Canada, France, Germany, Italy, Japan, Britain, and the United States. Australia, India, and South Korea are invited as guest countries to this year’s G7 summit. Enditem
Photo- U.S. President Joe Biden delivers his inaugural address after he was sworn in as the 46th President of the United States in Washington, D.C. (Xinhua/Liu Jie)