Connect with us

North America

အာဖဂန်နစ္စတန်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အာဖဂန်စစ်တပ်အတွက် စိတ်ပူမိကြောင်း အမေရိကန် ဗိုလ်ချုပ်ကြီးပြော

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အမေရိကန်နိုင်ငံမှ အာဖဂန် လေတပ်အား A-29 Super Tucano တိုက်ခိုက်ရေးလေယာဉ်အား လွှဲပြောင်းပေးအပ်စဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေး တပ်မှူး Kenneth McKenzie က လာမည့်လများအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အာဖဂန်စစ်တပ်၏ ဆောင်ရွက်နိုင်စွမ်းကို စိုးရိမ်မိကြောင်း ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

“ကျွန်တော် စိုးရိမ်တာက ကျွန်တော်တို့ထွက်ခွာပြီးတဲ့နောက် အခြေအနေကိုထိန်းထားနိုင်ဖို့ အာဖဂန်စစ်တပ်ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အထူးသဖြင့် လေယာဉ်တွေအတွက် ပံ့ပိုးမှုတွေကို ကျွန်တော်တို့ ဖယ်ရှားပြီးတဲ့နောက် လေတပ်ရဲ့ ပျံနိုင်စွမ်းတွေအပေါ် စိုးရိမ်ပူပန်မိပါတယ်” ဟု အမေရိကန် အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကြားနာခြင်း၌ McKenzie က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသည် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းစဉ်အတွင်း အမေရိကန် တပ်ဖွဲ့ဝင်များအား အကာအကွယ်ပေးနိုင်ရန် ဒေသအတွင်း၌ စစ်တပ်၏ လုပ်ဆောင်နိုင်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သော်လည်း အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) တပ်ဖွဲ့ဝင်များ ရုပ်သိမ်းနေစဥ် ၎င်းတို့အား ကူညီကာကွယ်ပေးရန် လေယာဉ်တင်သင်္ဘောများ တပ်ဖြန့်ထားရေးအတွက် McKenzie က ပင်တဂွန်အား တောင်းဆိုခဲ့ကြောင်း The New York Times က ဧပြီ ၂၁ ရက်က သတင်းဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ သမိုင်းကြောင်းတွင် အရှည်ကြာဆုံးစစ်ပွဲ အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်အဖြစ် စက်တင်ဘာ ၁၁ ရက်မတိုင်မီ အာဖဂန်နစ္စတန်မှ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များ အားလုံး ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဧပြီ ၂၁ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်မှုများ ပြန်လည်ပေါ်လာနိုင်ခြေရှိပြီး လုံခြုံရေး အခြေအနေဆိုးဝါးလာနိုင်စေကြောင်း သတိပေးထားခဲ့သော လေ့လာဆန်းစစ်သူနှင့် ဥပဒေပညာရှင်အချို့အကြား အဆိုပါ ဆုံးဖြတ်ချက်က ဝေဖန်စရာဖြစ်လာခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၃,၅၀၀ ခန့်နှင့် အမေရိကန် ထောက်ပံ့သယ်ပို့မှုနှင့် လုံခြုံရေး ထောက်ပံ့မှုအပေါ် အမှီပြုထားသော နေတိုးတပ်ဖွဲ့ဝင် ၇,၀၀၀ ခန့် ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
U.S. general concerned about Afghan military after U.S. withdrawal
Source: Xinhua| 2021-04-23 07:10:19|Editor: huaxia
WASHINGTON, April 22 (Xinhua) — Commander of U.S. Central Command Kenneth McKenzie said on Thursday that he is concerned about the ability of the Afghan military after U.S. troops withdraw from the country in the coming months.
“I am concerned about the ability of the Afghan military to hold on after we leave – the ability of the Afghan air force to fly, in particular, after we remove the support for those aircraft,” McKenzie said during a Senate Armed Services hearing.
The general also noted that the United States would bring additional military capabilities to the region to cover U.S. forces during the withdrawal, without providing details.
The New York Times reported on Wednesday that McKenzie had requested the Pentagon to deploy an aircraft carrier to help protect NATO troops in Afghanistan as they withdraw.
President Joe Biden announced last Wednesday that all U.S. and NATO troops will be withdrawn from Afghanistan before Sept. 11, a decision to end the longest war in American history.
The decision drew criticism among some analysts and lawmakers, who warned the withdrawal would lead to worsening security satiation in Afghanistan with a possible revival of terrorism.
There are roughly 3,500 U.S. troops in Afghanistan, and about 7,000 NATO troops in the country rely on U.S. logistics and security support. ■
Photo taken on Sept. 17, 2020 shows an A-29 Super Tucano attack aircraft handed over from the United States to Afghan Air Force during a handover ceremony in Kabul, capital of Afghanistan. (Photo by Rahmatullah Alizadah/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.