Connect with us

North America

ထရမ့် ၏ ဗြိတိန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းမှုက ဗြိတိန်နိုင်ငံနှင့်ဆက်ဆံရေးကို မထိခိုက်နိုင်

အမေရိကန်ပြည်ထောင်စု နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂၊(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က၎င်း၏ ဗြိတိန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းမှာ ၎င်းအားလူစုလူဝေးဆန္ဒပြမှုများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ကြောက်လန့်၍ ဖြစ်ကြောင်း အမေရိကန်နိုင်ငံရေး ကျွမ်းကျင်သူများက ဆင်ဟွာသတင်းဌာန သို့ပြောကြားခဲ့ကြသည်။

ဇန်နဝါရီလ ၁၁ ရက်ညက သမ္မတ ဒေါ်နယ်ထရမ့် က ၎င်း၏တွစ်တာ စာမျက်နှာတွင် ၎င်းအနေဖြင့်လန်ဒန်တွင် အကောင်းဆုံးနေရာ၌ တည်ရှိပြီး အကောင်းဆုံးသံရုံး ဖြစ်နိုင်သော အမေရိကန်သံရုံးကို ယခင် သမ္မတဟောင်း အိုဘားမားအစိုးရ ကဈေးအနည်းငယ်နှင့်ရောင်းချခဲ့ကာ သံရုံး အသစ်ကို ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအကုန် အကျခံကာတည်ဆောက်ခဲ့မှု အား သဘောမကျကြောင်း၊ ထိုသံရုံးသစ်ကိုလည်း ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမှုမပြု လို၍ ဗြိတိန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့သည်။

သို့သော် နိုင်ငံရေး ကျွမ်းကျင်သူများကမူ ၎င်းကထရမ့် ၏ ဗြိတိန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း အတွက် အမှန်တကယ်အကြောင်းရင်းမဟုတ်ကြောင်း၊ သွေးကွဲမှုများကိုဖြစ်စေသောစကားများကို ပြောဆိုတတ်ခြင်းအ တွက် လန်ဒန်တွင်ရှုတ်ချဆန္ဒပြမှုများကြုံရနိုင်သည်ကို စိုးရိမ်၍သာဖြစ်ကြောင်း ပြောခဲ့ကြသည်။

ထိုကဲ့သို့ ထရမ့် ၏ ဗြိတိန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းက ကာလကြာရှည်လက်တွဲပြီး တူညီသောနိုင်ငံ ခြားရေးမူဝါဒများကို အမေရိကန်နိုင်ငံနှင့် အတ ူဆောင်ရွက်နေသော ဗြိတိန်နိုင်ငံနှင့် ဆက်ဆံရေးကိုမူ အကျိုး သက်ရောက်မှုရှိစေနိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများကပြောခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.