North America
နယူးယောက်မြို့တွင် အနိမ့်ဆုံးလုပ်ခလစာ ကို တစ်နာရီလျှင် ၁၅ဒေါ်လာအထိ တိုးမြှင့်

နယူးယောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆင်းရဲနွမ်းပါးမှုအား တိုက်ဖျက်ရေး ကြိုးပမ်းမှုတစ်ခုအနေဖြင့် ၂၀၁၉ခုနှစ်တွင် အနိမ့်ဆုံးလုပ်ခလစာ ကို တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ၁၅ဒေါ်လာ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
အသစ်သတ်မှတ်လိုက်သော အနိမ့်ဆုံးလုပ်ခလစာသည် ဝန်ထမ်းအင်အား ၁၁ဦး နှင့် အထက်ရှိသည့် စီးပွားရေးလုပ်ငန်းအားလုံးအတွက် တစ်နာရီလျှင် လုပ်အားခ ၁၅ဒေါ်လာ ဖြစ်ပြီး ၂၀၁၈ခုနှစ် နှစ်ကုန်နောက်ဆုံးရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။
ဝန်ထမ်းအင်အား ၁၀ဦးနှင့် အောက်ရှိ သော စီးပွားရေးလုပ်ငန်းများအတွက် အနိမ့်ဆုံးလုပ်အားခ အဖြစ် တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ၁၃.၅ ဒေါ်လာပေးရမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ခုနှစ် မကုန်ခင်အထိ ယင်းစီးပွားရေးလုပ်ငန်းများသည်လည်း ၎င်းတို့၏ ဝန်ထမ်းများကို တစ်နာရီလျှင် လုပ်အားခ ၁၅ဒေါ်လာ ပေးသွားရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ခုနှစ် နှစ်ကုန်မတိုင်မီ လူပေါင်း ၁.၅သန်းနီးပါး လုပ်အားခများ မြင့်တက်သွားကြမည်ဖြစ်ကြောင်း နယူးယောက်မြို့ ငွေရေးကြေးရေးဌာနက ဖော်ပြခဲ့သည်။
နယူးယောက်မြို့၌ လုပ်အားခ မြင့်တက်အောင် လုပ်ဆောင်မှုသည် လွန်ခဲ့သော ၆နှစ်ခန့်က အသင့်စား စားသောက်ကုန်အလုပ်သမားများ စတင်ခဲ့သော “Fight for $15” လှုပ်ရှားမှု၏ အောင်မြင်မှုရလဒ်တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)