Connect with us

North America

အမေရိကန်စစ်ဦးစီးချုပ် ကီဗင်ဆွင်နီ ရာထူးမှနှုတ်ထွက်

အမေရိကန်နိုင်ငံ စစ်ဦးစီးချုပ် ကီဗင်ဆွင်နီ (Kevin Sweeney) အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ စစ်ဦးစီးချုပ် ကီဗင်ဆွင်နီ (Kevin Sweeney) သည် ၎င်းအနေဖြင့် ရာထူးမှ နှုတ်ထွက်ကြောင်းကို ဇန်နဝါရီ ၅ရက်တွင်ကြေညာခဲ့သည်။

ဆွင်နီ က ပင်တဂွန်စစ်ဌာနချုပ်တွင် ၂နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုအချိန်သည် ပုဂ္ဂလိကကဏ္ဍဘက်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ရမည့် အချိန်ကောင်းတစ်ခုဖြစ်သည့်အတွက် ယင်းသို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

၎င်းရာထူးမှ နှုတ်ထွက်မှုသည် လွန်ခဲ့သော လက ကာကွယ်ရေးဝန်ကြီးဟောင်း ဂျင်မက်တစ် (Jim Mattis) ရာထူးမှ နှုတ်ထွက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မက်တစ်အနေဖြင့် အမေရိကန်ဗဟိုစစ်ဌာနချုပ်အား ဦးဆောင်နေစဉ် ဆွင်နီ နှင့် အတူအလုပ်လုပ်ခဲ့ပြီး ဆွင်နီအား ၂၀၁၇ခုနှစ် အစောပိုင်းတွင် အမေရိကန်နိုင်ငံ စစ်ဦးစီးချုပ် အဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆွင်နီသည် ၂၀၁၄ခုနှစ်တွင် အမေရိကန်ရေတပ်ဗိုလ်ချုပ် အဖြစ်မှ အနားယူခဲ့ကြောင်း သိရသည်။

ဆွင်နီ၏ ဆုံးဖြတ်ချက်သည် ပင်တဂွန်စစ်ဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦး ထွက်ခွာသည့်နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ယင်းမတိုင်မီ ယခုအပတ်အစောပိုင်းက ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဒါနာဝှိုက် (Dana White) ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒုတိယကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန် (Patrick Shanahan) က အမေရိကန်နိုင်ငံ ၏ ကြားဖြတ်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.