Connect with us

North America

အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် ဒုတိအကြိမ်တွေ့ဆုံမည့်နေရာကို ဆွေးနွေးနေဆဲဟု ထရမ့်ဆို

သမ္မတ ထရမ့်က ဇန်န၀ါရီ ၆ ရက်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် ဒုတိအကြိမ်တွေ့ဆုံမည့်နေရာကို ဆွေးနွေး နေဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၆ ရက်တွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား အလွန်ကောင်းမွန်သည့်တွေ့ဆုံဆွေးနွေးမှုများရှိကြောင်း ထရမ့်က ပြောကြားခဲ့ပြီး အမေရိကန်၏ မြောက်ကိုရီးယားအပေါ်ပိတ်ဆို့မှုများသည် အကျုံးဝင်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂ ရက်က အိမ်ဖြူတော်၌ ကျင်းပသည့် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ထရမ့်က ကင်ဂျုံအန်းထံမှ စာတစ်စောင်လက်ခံရရှိကြောင်း ၊ ကင်နှင့်မကြာမီတွင် နောက်ထပ်တစ်ကြိမ်တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သောဒီဇင်ဘာ လဆန်းပိုင်းကလည်း ထရမ့်က ၂၀၁၉ ခုနှစ် ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီတွင် ကင်နှင့်တွေ့ဆုံမည်ဟု မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။

ကင်ကလည်း ထရမ့်နှင့် အချိန်မရွေးတွေ့ဆုံရန် အဆင်သင့်ရှိကြောင်း ဇန်နဝါရီလ ၁ရက် နှစ်သစ်ကူးမိန့်ခွန်း တွင် ပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်အနေဖြင့် ကတိမတည်ဘဲ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများဆက်လက်ဆောင်ရွက်မည်ဆိုပါက မြောက်ကိုရီးယားအနေဖြင့် မိမိ၏အချုပ်အခြာအာဏာနှင့်အကျိုးစီးပွားအတွက်သော်လည်းကောင်း မြောက်ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းလုံခြုံရေးအတွက်သော်လည်းကောင်း အခြားနည်းလမ်းသစ်ကို ရှာဖွေသွားမည် ဖြစ်ကြောင်း ကင်က ပြောကြားထားသည်။

၂၀၁၈ခုနှစ် ဇွန်လက ထရမ့်နှင့်ကင်တို့သည် စင်ကာပူတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးတွဲကြေညာချက် အား လက်မှတ်ရေးထိုးခဲ့ရာ ၊ အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးသစ် တည်ထောင် ရေးနှင့် မြောက်ကိုရီးယားကျွန်းဆွယ် ထာဝရ တည်ငြိမ်အေးချမ်းမှုတည်ဆောက်ရေးကဏ္ဍများတွင် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.