North America
ဘဟားမားစ်ကျွန်းစုနိုင်ငံတွင် ဒိုရီယန် ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၇ ဦးထက်မနည်းရှိလာ

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ဘဟားမားစ်ကျွန်းစုနိုင်ငံတွင် ဒိုရီယန် ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်နိုင်ကြောင်း ဝန်ကြီးချုပ် Hubert Minnis က စက်တင်ဘာလ ၃ ရက်တွင် ပြောကြားလိုက်သည်။
သတင်းစာရှင်းလင်းပွဲ၌ Minnis က ဒဏ်ရာရလူနာထဲက ၂ ဦးသေဆုံးသွားသဖြင့် သေဆုံးသူ အရေအတွက် ၇ ဦးအထိ တိုးမြင့်လာရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သေဆုံးသူအရေအတွက်ပိုများနိုင်မယ်လို့ ကျွန်တော်တို့ မှန်းထားတယ်” ဟု ကနဦး သတင်းအချက်များအား အခြေခံကာ ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ ဟာရီကိန်းမုန်တိုင်းသည် ဘဟားမားစ်သို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် စက်တင်ဘာလ ၃ ရက်တွင် မုန်တိုင်း အဆင့် ၂ အဖြစ်သို့ အားလျော့သွားကာ အမေရိကန်နိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်း များသို့ ရွေ့လျားသွားကြောင်း သိရသည်။ (Xinhua)