Connect with us

Media

အမေရိကန်ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း Ida တိုက်ခတ်မှုကြောင့်လူတစ်ဦးသေဆုံး

လူဝီစီယားနား၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်တွင် ပြီးခဲ့သည့်တနင်္ဂနွေနေ့က အင်အားပြင်း ဟာရီကိန်းမုန်တိုင်း အိုင်ဒါ Ida တိုက်ခတ်မှုကြောင့်မြေပြိုမှုဖြစ်ပွားပြီး အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ပြီး Prairieville ရှိနေအိမ်တစ်အိမ်‌ပေါ်သို့ သစ်ပင်လဲကျခဲ့ရာမှ အသက် ၆၀ နှစ်အရွယ် လူကြီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြည်နယ်ရဲအရာရှိရုံးမှထုတ်ပြန်သည်။
ပြင်းအားအဆင့် ၄ ရှိသည့် ဟာရီကိန်းမုန်တိုင်း Ida သည် တနင်္ဂနွေနေ့တွင်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၅၀ (၂၄၀ ကီလိုမီတာခန့်) အမြင့်ဆုံးတိုက်ခတ်ခဲ့ကြောင်းသိရသည်။ မုန်တိုင်းကြောင့် ‌မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ၊ မိုးရေချိန်မြင့်မားခြင်းကြောင့်ရေလွှမ်းမိုးမှုနှင့်အတူ အန္တရာယ်များသော လေပြင်းမုန်တိုင်းတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
မုန်တိုင်းကြောင့် ပြည်နယ်အတွင်းရှိ နေအိမ်နှင့်အလုပ်ရုံစုစုပေါင်း ၃၀၂,၀၀၀ ၌ နာရီပေါင်းများစွာ ဓါတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း poweroutage.us.ဝဘ်ဆိုက်၏ အချိန်နှင့်တစ်ပြေးညီ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
သြဂုတ် ၂၉ ရက်သည် ဟာရီကိန်းမုန်တိုင်း ကတ်ထရီးနားကြောင့် လူဝီစီယားနားနှင့် မစ္စစ္စပီ ပြည်နယ်တို့တွင်မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၁,၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့သော ၁၆နှစ် ပြည့်မြောက်သည့်နေ့ဖြစ်သည်။ (Xinhua)
………………………..
(English Version)
GLOBALink | At least one confirmed dead in Hurricane Ida-hit U.S. Louisiana
NEW ORLEANS, Aug. 30 (Xinhua) –At least one person was confirmed dead after powerful Hurricane Ida made a landfall in southern U.S. state Louisiana on Sunday, authorities said.
The state’s Ascension Parish Sheriff’s Office said a tree had fallen on a home in Prairieville. The victim, a 60-year-old man, was pronounced dead at the scene.
Dangerous high-end category 4 Hurricane Ida on Sunday made landfall with maximum sustained winds of 150 miles (about 240 km) per hour, bringing life-threatening storm surge, catastrophic winds and dangerous rainfall flooding.
Hours later, power was out to nearly 302,000 homes and businesses in the state, according to the tracking website poweroutage.us.

Aug. 29 is the 16th anniversary of Hurricane Katrina’s destructive landfalls in Louisiana and Mississippi, which killed more than 1,800 people in the region.
Produced by Xinhua Global Service