Connect with us

North America

ဘဟားမားစ်နိုင်ငံတွင် ဒိုရီယန် ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀ ဦးအထိ မြင့်တက်

ဒိုရီယန်ဟာရီကိန်းမုန်တိုင်းအား နာဆာမှရိုက်ကူးထားသည့် ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ဘဟားမားစ်နိုင်ငံတွင် ဒိုရီယန်ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၂၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Hubert Minnis က စက်တင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။

Minnis က သေဆုံးသူများမှာ ဘဟားမားစ်နိုင်ငံ မြောက်ပိုင်း အဘတ်ကိုကျွန်းများပေါ်တွင် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး သေဆုံးသူအရေအတွက်လည်း ထပ်မံမြင့်တက်နိုင်ကြောင်း သတင်းထောက်များအား ပြောခဲ့သည်။

ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ပိုမိုတပ်ဖြန့်ထားကြောင်း Minnis က ပြောကြားခဲ့ပြီး သူခိုးများကိုလည်း ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.