Connect with us

North America

မက္ကဆီကို နိုင်ငံ အကျဉ်းထောင် ရှိ ကမ္ဘာ့ အကြီးဆုံး မူးယစ်ဂိုဏ်း ခေါင်းဆောင် မြေအောက် လှိုဏ်ခေါင်း မှ တဆင့် ထွက်ပြေး လွတ်မြောက်

မက္ကဆီကို နိုင်ငံ တွင် ကမ္ဘာ့ အကြီးဆုံး မူးယစ်ဂိုဏ်း ခေါင်းဆောင် အယ်လ်ချာပိုဂတ်စ်မန်း ထွက်ပြေးလွတ်မြောက် ခဲ့ပြီးနောက် ရဲဝန်ထမ်း များမှ စစ်ဆေးမှု များပြုလုပ်နေစဉ်(ဆင်ဟွာ)

မက္ကဆီကို ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ မှ ဇူလိုင် ၁၂ ရက်နေ့ က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မက္ကဆီ ကို နိုင်ငံ ဆီနာလိုအာ မူးယစ်ဆေးဝါး ဂိုဏ်း ကိုဦးဆောင်သည့် ကမ္ဘာ့ အကြီးဆုံး မူးယစ်ဂိုဏ်း ခေါင်းဆောင် အယ်လ်ချာပိုဂတ်စ်မန်း သည် မက္ကဆီကို နိုင်ငံ ၏ လုံခြုံရေး အထူး တင်းကျပ်စွာ ချထားသည့် “Plateau” ဖယ်ဒရယ် အကျဉ်းထောင် မှ ထွက်ပြေး လွတ်မြောက် သွားကြောင်း ထုတ်ပြန် ခဲ့သည်။

မက္ကဆီကို အမျိုးသား လုံခြုံရေး ကောင်စီ တာဝန်ရှိသူ မှ သတင်းစာ ရှင်းလင်းပွဲတွင် ဂတ်စ်မန်း သည် ဇူလိုင် ၁၁ ရက်နေ့ညပိုင်း တွင် အကျဉ်းထောင် ရေချိုးခန်း နှင့် ဆက်သွယ်ထား သည့် မြေအောက် လှိုဏ်ခေါင်း တစ်ခု မှ ထွက်ပြေး လွတ်မြောက် သွားကြောင်း ၊ ရေချိူးခန်း အတွင်းတွင် အကျယ် ၅၀ စင်တီမီတာ ရှိ အပေါက် တစ်ခုကို တွေ့ရှိရခဲ့ကြောင်း ၊ ထိုအပေါက်ဝ မှ ၁၀ မီတာ အနက်တွင် လေကားများ တပ်ဆင်ထား ပြီး မြေအောက် လှိုဏ်ခေါင် တစ်ခု နှင့် ဆက်သွယ်ထားကာ လှိုဏ်ခေါင်သည် အဆောက်အဦး တစ်ခုနှင့် ချိတ်ဆက် ထားကြောင်း ၊ လက်ရှိချိန် တွင် ယခု ထောင်ဖေါက်ထွက်ပြေးမှု နှင့်ပတ်သက်၍ သံသယ ရှိသူ၁၈ ဦးအား ဖမ်းဆီး ထားပြီး အခင်းဖြစ်ပွားစဉ် တာဝန် ထမ်းဆောင် ခဲ့သည် အကျဉ်းထောင် ဝန်ထမ်း များအား အကျဉ်ထောင် မှ ထွက်ခွာခွင့် ပိတ်ပြင် ထားကြောင်း ပြောကြား ခဲ့သည်။

ထောင်ဖေါက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီးနောက် မက္ကဆီကို ရဲချုပ် Arely Gómez González ၊ မက္ကဆီကို ပြစ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနမှူး နှင့်မက္ကဆီကို နိုင်ငံ ဂိုဏ်းအဖွဲ့ ပြစ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာန အရာရှိ များမှ အခင်းဖြစ်ပွားရာ အကျဉ်းထောင်တို့ ချက်ချင်းလာရောက်ကာ စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက် ခဲ့ကြသည်။ မက္ကဆီ သမ္မတ နှင့် အတူ ပြင်သစ် နိုင်ငံ သို့ လည်ပတ်ရေး ခရီးသွားရောက် နေသော ပြည်ထည်းရေး ဝန်ကြီး မှာလည်း အခင်းဖြစ်ပွားပြီးနောက် ချက်ချင်း မက္ကဆီကို နိုင်ငံသို့ ပြန်လာ ခဲ့သည်။

အယ်လ်ချာပိုဂတ်စ်မန်း သည် ကမ္ဘာ့ပေါ်တွင် အကြီးဆုံး မူးယစ် ခေါင်းဆောင်ဟု သတ်မှတ် ခံထားရသူဖြစ်သည်။ အမေရိကန် နိုင်ငံသည် ၎င်းနှင့် ပတ်သက်၍ အမိန့်ချမှတ် မှု ပေါင်း ၁၀ ကြိမ်ခန့် ပြုလုပ် ခဲ့ပြီး အမေရိကန် မူးယစ် ထိန်းချုပ်ရေး ဌာန၏ ဖမ်းဆီးရန် ဆုကြေးငွေ အမြင့်ဆုံး မူးယစ် ဂိုဏ်းခေါင်း တစ်ဦးဖြစ်သည်။ အမေရိကန် နိုင်ငံ မှ ၎င်းအား ဖမ်းဆီးရန် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၅ သန်း ထုတ်ပြန် ခဲ့သည်။(Xinhua)