Connect with us

North America

အမေရိကန်တွင် ကျူးဘား သံရုံး ပြန်ဖွင့်မည်

အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တွင် ကျူးဘား သံရုံး ပြန်လည်ဖွင့်လှစ်မည့် နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိသည့် အဆောက်အအုံကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

၁၉၆၁ ခုနှစ်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး ပြတ်တောက် ခဲ့သော ကျူးဘားနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် ဇူလိုင်လ ၂၀ ရက်နေ့ (တနင်္လာနေ့) တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်၌ သံရုံး ပြန်လည်ဖွင့်ရန် ကျူးဘား အစိုးရ ပြင်ဆင် နေပါသည်။

ကျူးဘားနှင့် အမေရိကန်နိုင်ငံ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ရန် မကြာသေးမီက သဘောတူညီမှု များတွင် သံရုံးများ ပြန်လည် ဖွင့်ကြရန်မှာ တစ်ခုအပါအဝင် ဖြစ်သည်။

နှစ်နိုင်ငံကြား ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်စေရန် ထိုသဘောတူညီချက်များဟာ အရေးပါပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် အတွင်းမှ ပြဿနာများ ဖြေရှင်း အဖြေရှာရာတွင် နိုင်ငံရေး အမြော်အမြင် ရှိစွာဖြင့် ကိုင်တွယ်ကြရန် ကျူးဘား သမ္မတ Raul Castro က ဗုဒ္ဓဟူးနေ့တွင် ဥပဒေပြု လွှတ်တော်အမတ်များ အား မိန့်ခွန်းပြောခဲ့ပါသည်။

ဝါရှင်တန်ရှိ အေးဒန်စ် မော်ဂန် ဒေသ( Adams Morgan)တွင် နှစ်ပေါင်း တစ်ရာနီးပါးမျှ ရှိသော ရောမနှင့် ဂရိ ရှေးဟောင်း ဂန္တဝင် ပုံစံ ကို အခြေခံထားသော အနုပညာ လက်ရာမြောက် အိမ်ကြီးတွင် ကျူးဘားနိုင်ငံ၏ သမိုင်းဝင် အလံအား ပြန်လည် လွှင့်ထူနိုင်မည် ဖြစ်သည်။ ၁၉၇၀ ခုနှစ်နှောင်းပိုင်းတွင် ကျူးဘား သမ္မတ Fidel Castro နှင့် အမေရိကန်သမ္မတ ဂျင်မီကာတာ (Jimmy Carter) တို့က သံရုံးများအစား အဆိုပါ အိမ်ကြီးတွင် နှစ်နိုင်ငံ ဆက်ဆံရေးအား တည်ဆောက် ခဲ့ပါသည်။

နှစ်နိုင်ငံ ဆက်ဆံရေးကို ၁၉၂၃ ခုနှစ်တွင် သံတမန် ဆက်ဆံရေး အဖြစ်မြှင့်တင်ခဲ့ပြီး ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် နှစ်နိုင်ငံ ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမား နှင့် ကျူးဘား သမ္မတ Raul Castro တို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ရန်ကြေညာခဲ့သည်။ ( Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117