Connect with us

North America

လိင်တူ လက်ထပ်ခြင်းကို အမေရိကန် အမြင့်ဆုံး တရားရုံးချုပ်က တရားဝင် ခွင့်ပြု

လိင်တူ စုံတွဲတစ်တွဲ၏ လက်ထပ်ပွဲအား နယူးယောက်မြို့တွင် ကျင်းပနေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ် အားလုံးတွင် လိင်တူ စုံတွဲများ လက်ထပ် ပိုင်ခွင့်ရှိကြောင်း ဇွန်လ ၂၆ ရက်တွင် အမေရိကန်၏ အမြင့်ဆုံး တရား ရုံးချုပ်က ဆုံးဖြတ် ခဲ့သည်။

တရားလွှတ်တော် ဝန်ကြီး Anthony Kennedy က လိင်တူ လက်ထပ် ခြင်း ဥပဒေကို ၅ မဲ-၄ မဲ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ် ကြောင်း ၊ “လက်ထပ် ထိမ်းမြားခြင်းသည် နိုင်ငံရဲ့ လူမှုရေးဆိုင်ရာ သော့ချက်ပဲ ဖြစ်ပါတယ်။ လိင်တူ လက်ထပ် သူနဲ့ လိင်မတူတဲ့ စုံတွဲ တွေမှာ ဘာမှ ကွဲပြား ခြားနားမှု မရှိပါဘူး ၊ ဒီဥပဒေကို လေးစားလိုက်နာ ရမှာ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။

“လိင်တူ ချစ်သူများကို ထိန်းချုပ် နှိမ့်ချမှုတွေကို ဒီဥပဒေက ဖွင့်ပေးလိုက်ပါပြီ ။ ထိုသူများက ဒီလက်ထပ်ခြင်းကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်မျှော် နေပါတယ်” ဟုဆိုသည်။

လိင်တူ လက်ထပ်ခွင့် ရရှိရေးအတွက် အမျိုးသားချင်း ချစ်ကြိုက်သူနဲ့ မိန်းကလေးချင်း ချစ်ကြိုက်သူ စုံတွဲများ အနေဖြင့် လိင်တူ လက်ထပ်ခြင်းကို အမေရိကန် ပြည်ထောင်စု တစ်ဝှမ်းရှိ တရားရုံးများ၏ ပိတ်ပင်မှုများကို စိန်ခေါ်မှု ၁၀ စုနှစ် ကျော် ပြင်းထန်တဲ့ ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။ (Xinhua)