Connect with us

North America

သမ္မတဒေါ်နယ်ထရမ့်က “ကလေးမွေးဖွားပြီး နိုင်ငံသားဖြစ်ခွင့်ရသည့် ဥပဒေ”ကို ရပ်တန့်ပစ်ရေး ပြင်ဆင်မှုပြုလုပ်ရန် အလေးအနက်ထား စဉ်းစားနေကြောင်းပြောကြား


ဝါရှင်တန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် “ ကလေးမွေးဖွားပြီး နိုင်ငံသားဖြစ်ခွင့်ရသည့်ဥပဒေ’’(Birthright citizenship)ကို ရပ်တန့်ပစ်ရေး ပြင်ဆင်မှုပြုလုပ်သွားရန် အလေးအနက်ထားစဉ်းစားနေကြောင်း သြဂုတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။

“ အဲဒီကိစ္စအတွက် အလေးအနက်ထားစဉ်းစားနေပါတယ်” ဟု ထရမ့်က ကန်တက်ကီပြည်နယ်(Kentucky) သို့သွားရောက်ရန် အိမ်ဖြူတော်မှ ထွက်ခွာစဉ် သတင်းများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ရစဉ်(ဆင်ဟွာ)

“ ကလေးမွေးပြီး နိုင်ငံသားဖြစ်ခွင့်ရတဲ့ ဥပဒေပေါ့ ၊ ကျွန်တော်တို့အမေရိကန်မြေပေါ်မှာ ခင်ဗျားက ကလေးလာမွေးမယ် – ကျွန်တော်တို့နယ်စပ်ကိုဖြတ်ပြီးဝင်လာမယ် ၊ ကလေးတစ်ယောက်ရလာမယ် ၊ ဂုဏ်ယူစရာကြီးပေါ့ဗျား။ အဲဒီကလေးဟာ အခုဆို အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရသွားပြီ” ဟု သမ္မတထရမ့်ကပြောကြားခဲ့ပြီး ယင်းမှာ “ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်ကို ရီစရာကောင်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သမ္မတထရမ့်သည် ၂ဝ၁၆ ခုနှစ်က ၎င်း၏ သမ္မတမဲဆွယ်စည်းရုံးရေးတွင် ကလေးမွေးဖွားပြီး နိုင်ငံသားဖြစ်ခွင့်ရရှိသည့် ဥပဒေကို ရပ်တန့်ပစ်ရန် ကတိပေးစကားဆိုခဲ့ပြီး ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြီးခဲ့သောနှစ်က ပြန်လည်လှုပ်ရှားခဲ့ကြောင်း The Hill သတင်းစာ၏ ဖော်ပြချက်တစ်ခုအရ သိရသည်။

သြဂုတ် ၂၁ ရက် နံနက်အစောပိုင်းတွင် အမိမြေလုံခြုံရေးဝန်ကြီးဌာနယာယီဝန်ကြီး Kevin McAleenan က ယခင်က အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး အမေရိကန်နိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့ကြသည့် မိသားစုဝင်များကို ဖမ်းဆီးထိန်းသိမ်းရန် အစိုးရအနေဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စည်းမျဉ်းစည်းကမ်းအသစ်အရ ထိုသူများမှာ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ၊ ပြောင်းလဲလိုက်သော မူဝါဒသစ်အရ အာဏာပိုင်များသည် ဝင်ရောက်လာသူများအား လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်နေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခွင့် ရမည်ဖြစ်ကြောင်း ဆိုသည်။

အမေရိကန်ပြည်ထောင်စုဗဟိုအစိုးရအနေဖြင့် သမ္မတထရမ့် ရာထူးလက်ခံခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကတည်းက နိုင်ငံအတွင်းသို့ တရားမဝင် နှင့်တရားဝင် ဝင်ရောက်လာသူများကို ထိန်းချုပ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.