Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတ ၏ လုပ်ဆောင်မှုများအပေါ် ဆန္ဒမဲ ကောက်ခံ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ်လ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရန့် ၏ဆောင်ရွက်နေမှုများအပေါ် အမေရိကန်ပြည်သူ ၃၆ ရာခိုင် နှု်နးကထောက်ခံကြပြီး ၆၂ ရာခိုင်နှုန်းကဆန့်ကျင်မှုပြုကြကြောင်း သြဂုတ်လ ၂၂ ရက်ကထုတ်ပြန်ခဲ့ သော မဲဆန္ဒစစ်တမ်းတစ်ခုအရ သိရပါသည်။

ရီပတ်ဘလီကန် ပါတီဝင် ၁၀ ဦး၌ ၈ ဦးက ဒေါ်နယ်ထရန့်၏လုပ်ဆောင်မှုများအပေါ် အဘက်ဘက်မှ ထောက်ခံမှုပြုကြပြီး ၂၀ ရာခိုင်နှုန်း ကထောက်ခံမှုမပြုကြကြောင်း AP သတင်းဌာန၏ AP-NORC မဲ ဆန္ဒကောက်ယူမှုအရ သိရသည်။

ဒီမိုကရက်များ၌မူ ၉၄ ရာခိုင်နှုန်းနှင့် ပါတီအချုပ်အချယ်မရှိသော ပြည်သူများအနက် သုံးပုံနှစ်ပုံခန့်က ထရန့်၏ခေါင်းဆောင်မှုကို ဆန့်ကျင်ကြကြောင်း မဲဆန္ဒကောက်ယူမှုအရ သိရသည်။

ထိုမဲဆန္ဒကောက်ယူမှု ကများစွာအပြောင်းအလဲမရှိဘဲ ထရန့်၏လုပ်ဆောင်မှုကို ထောက်ခံမှုက ၃၂ ရာခိုင်နှုန်းထက်မကျဘဲရှိကာ ၄၂ ရာခိုင်နှုန်းထက်လည်းမကျော်ကြောင်း ၂၀၁၇ ခုနှစ်၊ဇန်နဝါရီလတွင် ၎င်းသမ္မတတာဝန်စတင်ယူချိန်မှစ၍ AP-NORC မဲဆန္ဒကောက်ခံမှုများအရလည်း သိရသည်။

အမေရိကန်နိုင်ငံတွင် စီးပွားရေးကျဆင်းမှုများကြောင့်စိုးရိမ်ထိတ်လန့်မှုများကြားမှပင် အမေရိကန်ပြည် သူများ၏ ၄၆ ရာခိုင်နှုန်းကဒေါ်နယ်ထရန့်၏လုပ်ဆောင်ချက်များအပေါ်ထောက်ခံကြပြီး ၅၁ ရာခိုင်နှုန်း က ၎င်း၏စီးပွားရေးကိုင်တွယ်မှုများကိုဆန့်ကျင်ကြကြောင်း AP-NORC မဲဆန္ဒကောက်ခံမှုများ ကပြနေ သည်ဟုလည်းဆိုသည်။

အခြားသောကိစ္စရပ်များတွင်မူအမေရိကန်ပြည်သူ ၃၆ ရာခိုင်နှုန်းကသာ ထရန့်၏ နိုင်ငံခြားရေးမူဝါဒနှင့် သေနတ်ဆိုင်ရာမူဝါဒ တို့ကိုထောက်ခံကြပြီးကျန်းမာရေးမူဝါဒအပေါ် ၃၇ ရာခိုင်နှုန်းနှင့်လူဝင်မှုကြီးကြပ် ရေးမူဝါဒ ကို ၃၈ ရာခိုင်နှုန်းကသာ ထောက်ခံကြကြောင်းလည်း မဲဆန္ဒကောက်ခံမှုအရ သိရသည်။

အဆိုပါမဲဆန္ဒကောက်ခံမှုကို လူကြီး ၁,၀၅၈ ဦးအားပြုလုပ်ခဲ့ပြီး မှားယွင်းနိုင်မှု ၄ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်းလည်းသိရသည်။(Xinhua)ှ