Connect with us

North America

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံတမန် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားမည်

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ် စတီဖန်ဘီဂန် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ တောင်ကိုရီးယားအထူးကိုယ်စားလှယ်တို့အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ် စတီဖန်ဘီဂန် (Stephen Biegun) သည် လာမည့် သီတင်းပတ်အတွင်း ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

ဘီဂန်သည် သြဂုတ်လ ၁၉ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ သြဂုတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့သွားရောက်ကာ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးအတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးရန်ရှိကြောင်း ဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားထားသည်။

အမေရိကန် သံတမန်၏ ခရီးစဉ်သည် မြောက်ကိုရီးယားနိုင်ငံ၏ တာတိုပစ် ဒုံးကျည်များ စမ်းသပ်ပြီးနောက် ကျွန်းဆွယ်အရေး တင်းမာမှုများ ရှိနေသည့်ကြားမှ ပေါ်ပေါက်လာခြင်းဖြစ်သလို လက်ရှိလုပ်ဆောင်နေဆဲ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများအပေါ် ဆန့်ကျင်မှုအား ကန့်ကွက်သည့်အနေဖြင့် သွားရောက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း လာမည့် သီတင်းပတ်များအတွင်း အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဆွေးနွေးညှိနှိုင်းမှုစားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာရန် မျှော်လင့်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117