Connect with us

North America

ဟာဝိုင်အီတွင် ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်သော လူခြောက်ဦး၏ ရုပ်အလောင်းများ တွေ့ရှိ

အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်တွင် ရှုခင်းလှည့်ပတ်ကြည့်ခြင်းခရီးမှ အပြန်တွင် ပျက်ကျသွားသည့် ရဟတ်ယာဉ်ကို ရှာဖွေနေစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်တွင် ရှုခင်းလှည့်ပတ်ကြည့်ခြင်းခရီးမှ အပြန်တွင် ပျက်ကျသွားသည့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါသွားသူ ခြောက်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ Eurocopter AS350 ရဟတ်ယာဉ်သည် ဒီဇင်ဘာ ၂၆ ရက်တွင် လေယာဉ်မှူးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးပါဝင်သော ခရီးသည်ခြောက်ဦးကို တင်ဆောင်ကာ ဟာဝိုင်အီကျွန်းတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်အစိတ်အပိုင်းများကို Kauai ကျွန်း၏ တောင်ထူထပ်သောဒေသတစ်ခု၌ တွေ့ရှိခဲ့ရကြောင်း ဒေသခံ မီဒီယာက ဒီဇင်ဘာ ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။ 

ယင်းရဟတ်ယာဉ်သည် Kauai ကျွန်း Na Pali ကမ်းရိုးတန်းခရီးမှ ဒေသစံတော်ချိန် ညနေ ၅:၂၁ နာရီတွင် ပြန်ရောက်ရန် စီစဉ်ထားခဲ့ကြောင်း၊ ၎င်းရဟတ်ယာဉ်ပျက်က ဟာဝိုင်အီကျွန်းမြောက်ဘက် ကိုကီးကျွန်းတွင် တည်ရှိနေသည်ဟု ဆိုသည်။ 

ဖြစ်ရပ်တွင် အသက်ရှင်ကျန်ရစ်သူမရှိနိုင်ဟု တာဝန်ရှိသူ သတင်းရင်းမြစ်များက ပြောခဲ့ကြသည်။ ရဟတ်ယာဉ်၌ အီလက်ထရောနစ် တည်နေရာပြကိရိယာတပ်ဆင်ထားသော်လည်း မည်သည့် အချက်ပြမှုမှ လက်ခံရရှိခြင်းမရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က အစောပိုင်း သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။ ပျက်ကျသွားသော ရဟတ်ယာဉ်အား ရှာဖွေရန် အဖွဲ့များစွာမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.