Connect with us

North America

အမေရိကန်သံရုံးတိုက်ခိုက်ခံရပြီးနောက် သမ္မတထရမ့်က အီရတ်ဝန်ကြီးချုပ်ထံ ဖုန်းဆက်ဆွေးနွေး

အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးအပြင်ဘက်တွင် ဒီဇင်ဘာ ၃၁ ရက်က ဆန္ဒပြနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရတ်နိုင်ငံဝန်ကြီးချုပ် Adel Abdul Mahdi ထံ ဒီဇင်ဘာ ၃၁ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် “ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် သမ္မတထရမ့်က အီရတ်နိုင်ငံရှိ အမေရိကန်နိုင်ငံသားများ နှင့် အဆောက်အဦများကို ကာကွယ်ပေးရန် လိုအပ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်” ဟု အိမ်ဖြူတော်၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

အီရတ်နိုင်ငံတွင် ဒီဇင်ဘာ ၂၉ ရက်က အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း Hashd Shaabi အဖွဲ့ဝင်များ သေဆုံးခဲ့ရခြင်းအပေါ် လူ ရာပေါင်းများစွာက ကန့်ကွက်ဆန္ဒပြခဲ့ပြီး ဘဂ္ဂဒတ်မြို့ဂရင်းဇုန်ရှိ အမေရိကန်သံရုံးအား စီးနင်းတိုက်ခိုက်ခြင်းများ  ပြုလုပ်ခဲ့ပြီးနောက်တွင် အဆိုပါဖုန်းဆက်ဆွေးနွေးမှု ပေါက်ပေါက်လာခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ သမ္မတထရမ့်က အီရန်နိုင်ငံအပေါ် ပြစ်တင်ပြောကြားထားသည်။ထိုသို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Mark Esper က သံရုံးလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်များ တိုးမြှင့် စေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

မကြာသေးခင်က အီရတ်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ်သည် ပြီးခဲ့သော ဒီဇင်ဘာ ၂၉ ရက်က အီရတ်လက်နက်ကိုင်အုပ်စု Kata’ib ဟစ်ဇဘိုလာ(HK) သို့မဟုတ် ဟစ်ဇဘိုလာတပ်ဖွဲ့ဝင်များထိန်းချုပ်ထားရာ အီရတ် နှင့် ဆီးရီးယား နိုင်ငံများအတွင်းရှိ နယ်မြေ ၅ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ အီရတ်တွင် မကြာသေးမီခင် ဖြစ်ပွားခဲ့သော အမေရိကန်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ ၎င်းတို့ပါဝင်ပတ်သက်မှုမရှိကြောင်း အီရန်က ငြင်းဆိုထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117