Connect with us

North America

အစ္စရေး သူလျှို ပေါ်လာ့တ် အား အမေရိကန်က မကြာမီ လွှတ်ပေးဖွယ်ရှိ

အမေရိကန် သမ္မတ အိုဘားမား ဝါရှင်တန်ဒီစီတွင် မိန့်ခွန်းပြောကြား နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အီရန် နျူကလီးယား အရေးနှင့် ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်နေသော အစ္စရေး နိုင်ငံနှင့် ဆက်ဆံရေး ချောမွေ့စေရန်အတွက် ဖမ်းဆီးခံထားရသော အစ္စရေး သူလျှို ဂျိုနသန် ပေါ်လာ့တ် (Jonathan pollard) အား အိုဘားမား အစိုးရအဖွဲ့က လွှတ်ပေးရန် စီစဉ်နေကြောင်း အမေရိကန် မီဒီယာ၏ သောကြာနေ့က သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

အမေရိကန် အရာရှိအချို့က ပေါ်လာ့တ်အား သူ၏ လွတ်ရက် မတိုင်မီ ခံဝန်ဖြင့် လွှတ်ပေးရန် တွန်းအားပေး လျက် ရှိကြောင်း ဝေါ်စထရိ ဂျာနယ် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထား ပါသည်။

အမေရိကန် နိုင်ငံသား ဖြစ်သလို အမေရိကန် ရေတပ် အရပ်ဘက် ပညာရှင်ဟောင်း ပေါ်လာ့တ် သည် ၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး အစ္စရေး အတွက် သူလျှို လုပ်ပေးမှု နှင့်ပတ်သက်၍ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ကျခံနေရခြင်း ဖြစ်သည်။ ပေါ်လာ့တ် အားထောက်ခံ အားပေးသူများကတော့ ပြစ်ဒဏ်ဟာ အလွန် ပြင်းထန်လွန်းကြောင်း ကန့်ကွက်ခဲ့ကြသည်။

အမေရိကန် တရားရေးဌာနကလည်း ပေါ်လာ့တ် အနေဖြင့် သူကျူးလွန် ဝန်ခံထားသော အမှုများအတွက် ဥပဒေအရ ပြစ်ဒဏ် နှစ် ၃၀ အပြည့်အဝ ကျခံသင့်ကြောင်း သောကြာနေ့၌ အပြင်းအထန် တောင်းဆိုထား ပါသည်။အသက် ၆၀ နှစ် ရှိပြီဖြစ်သော ပေါ်လာ့တ်သည် မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ရှိ အကျဉ်းထောင်တွင် မကျန်းမမာ ဖြစ်နေပြီး ပေါ်လာ့တ်အား သူဖမ်းဆီးခံရတဲ့ နှစ် ၃၀ ပြည့်မည့် နိုဝင်ဘာလ အတွင်းခံဝန်ဖြင့် လွှတ်ပေးနိုင်ဖွယ် ရှိပါသည်။

သူ့အနေဖြင့် လွတ်ငြိမ်းခွင့် စောစော ရနိုင်သော်လည်းပဲ အကျဉ်းထောင်အတွင်း အခြားပြစ်မှု အသစ်များ ထပ်မံ ကျူးလွန်ခြင်း စသော မကောင်းသော မှတ်တမ်းများကြောင့် အမေရိကန် ပြစ်ဒဏ်လျော့ပေါ့ရေး ကော်မရှင်၏ ငြင်းပယ်ခြင်း ခံခဲ့ရ ပါသည်။

အိမ်ဖြူတော်ကတော့ ပေါ်လာ့တ် ကိစ္စနှင့် အီရန် နျူကလီးယား သဘောတူညီမှုကြောင့် အမေရိကန်-အစ္စရေး ဆက်ဆံရေး တင်းမာမှု မြင့်တက်ခြင်းများအကြား ဆက်စက်မှုမရှိကြောင်း သောကြာနေ့က ငြင်းဆို လိုက်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.