Connect with us

North America

အိုင်အက်စ်ကို ပူးပေါင်း တိုက်ခိုက်ရန် တူရကီသို့ F -16 တိုက် လေယာဉ်များနှင့် စစ်သား သုံးရာ အမေရိကန် စေလွှတ်

F -16 တိုက် လေယာဉ်များ (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

အီရတ်နှင့် ဆီးရီးယား နိုင်ငံများတွင် အိုင်အက်စ်တွေကို တိုက်ခိုက်ရာတွင် ထောက်ပံ့ပေးဖို့ အမေရိကန် လေတပ်၏ F 16 တိုက်ခိုက်ရေး ဂျက်လေယာဉ် ခြောက်စီးနှင့် စစ်သား သုံးရာအား တူရကီ နိုင်ငံသို့ စေလွှတ်လိုက်ပြီ် ဖြစ်ကြောင်း ပင်တဂွန်က တနင်္လာနေ့တွင် ကြေညာခဲ့သည်။

F 16 တိုက်ခိုက်ရေး ယာဉ်များ၊ ထောက်ပံ့ရေး ကိရိယာများနှင့် အမေရိကန် စစ်သားသည် တနင်္ဂနွေနေ့က တူရကီနိုင်ငံ Incirlik လေကြောင်း အခြေစိုက် စခန်းသို့ ရောက်ရှိခဲ့ပြီး IS တို့ကို ကူညီ တိုက်ခိုက်ရန် ဖြစ်ကြောင်း ပင်တဂွန် ပြောရေး ဆိုခွင့် ရှိသူ ဂျက်ဖ် ဒေးဗစ်က ထုတ်ပြန်ချက်တွင် ပြောပါသည်။

အဆိုပါ စစ်လေယာဉ်များသည် လာမည့် ရက်များအတွင်း စစ်ဆင်ရေးများ စတင်လိမ့်မည် ဖြစ်ကြောင်း ဒေးဗစ်က ဖြည့်စွက် ပြောပါသည်။ယင်းတပ်သားစုများသည် အီတလီနိုင်ငံ Aviano လေကြောင်း အခြစိုက် စခန်း၏ ၃၁ ခုမြောက် တိုက်ခိုက်ရေး တောင်ပံ တစ်ခုမှဖြစ်ကြောင်း သိရသည်။
နိုင်ငံပေါင်း ခြောက်ဆယ်ကျော် ပါဝင်သော မဟာမိတ် ညွန့်ပေါင်းတပ်ဖွဲ့ အဖွဲ့ဝင်များ ဖြစ်သည့် အမေရိကန် နှင့် တူရကီတို့ က ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး အတွက် အိုင်အက်စ် တို့အား တိုက်ခိုက်ကြရန် ကတိပြုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နေတိုး အဖွဲ့ဝင် နိုင်ငံများ တွင် အခြေစိုက် ထားသော အမေရိကန် လေတပ်စခန်း တစ်ခုဖြစ်သော Incirlik တွင် အမေရိကန် စစ်သား ၁,၈၀၀ ခန့် နေရာချထားပြီး ဖြစ်သည်။ တူရကီနိုင်ငံသို့ F 16 မရောက်မီ အမေရိကန် စစ်တပ်မှ တစ်ပတ်ကြာ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည်။ (Xinhua)