Connect with us

North America

အမေရိကန်တောင်ပိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ဦးသေဆုံး

အမေရိကန်တွင် ယခင်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က လေဆင်နှာမောင်းတစ်ခု တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ဦးသေဆုံးကြောင်း ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

လေဆင်နှာမောင်း သည် Mississippi နှင့် Tennessee ပြည်နယ်များသို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ Mississippi ပြည်နယ် Columbus မြို့ မြို့တော်ဝန်ရုံး မှ သတင်းထုတ်ပြန်ချက်အရ အမျိုးသမီးတစ်ဦး နှင့် အခြားလူ ၃ဦးအပေါ် အဆောက်အအုံတစ်လုံးပြိုကျမှုကြောင့် အဆိုပါအမျိုးသမီး သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ရက်တွင် သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုသည် ဖေဖော်ဝါရီ ၂၃ ရက် နှောင်းပိုင်းတွင်ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ အသက် ၄၁နှစ်အရွယ် Ashley Pounds ဖြစ်ကြောင်း မြို့တော်ဝန်ရုံး၏ ပြောကြားချက်ကို ကိုးကား၍ Lowndes စီရင်စု အရာရှိရုံး က ပြောကြားခဲ့သည်။ အခြားလူ ၃ဦး၏ အခြေအနေကို မရှိရသေးကြောင်း သိရသည်။

Columbus မြို့တော်ဝန် Robert Smith က ၎င်း၏ မြို့၌ လူ ၁၂ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး Columbus မြို့ပြောရေးဆိုခွင့်ရှိသူ Joe Dillon က ဆိုးရွားလှသော ရာသီဥတုကြောင့် စာသင်ကျောင်းတစ်ကျောင်း နှင့် လူမှုစင်တာ ၂ခု ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

အိမ်နီးချင်း Tennessee ပြည်နယ်တွင် အမျိုးသားတစ်ဦး၏ ကား ရေထဲသို့ နစ်မြုပ်ကာ ယင်းအမျိုးသား ပိတ်မိသေဆုံးခဲ့ကြောင်း သိရသည်။

Kentucky နှင့် West Virginia ပြည်နယ်များတွင်လည်း လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.