Connect with us

North America

အမေရိကန် ကလပ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ဦးသေဆုံး

ပစ်ခတ်မှုဖြစ်ပွားရာ အမေရိကန် ကလပ်တစ်ခုသို့ ရဲကားများ ရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ North Carolina ပြည်နယ် ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင်ဖြစ်ပွားသော ပစ်ခတ်မှုတစ်ခုအား သွားရောက်စစ်ဆေးခဲ့ပြီး လူ ၂ဦးသေဆုံးကာ အခြားလူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Charlotte-Mecklenburg ရဲဌာန (CMPD) က ပစ်ခတ်မှုသည် ကလပ်အသင်းတစ်ခု ၌ ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာသို့ နံနက် ၄နာရီတွင် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့ပြီး သေနတ်ဒဏ်ရာများ ဖြင့် သေဆုံးနေသော အမျိုးသား တစ်ဦး နှင့် အမျိုးသမီးတစ်ဦး တို့ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒဏ်ရာပြင်းထန်သော အခြားလူ တစ်ဦးကိုလည်း အဆိုပါ ကလပ်အသင်း ၌ တွေ့ရှိခဲ့ပြီး ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

CMPD က ယခု ဖြစ်စဉ်သည် တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သတ်မှတ်နိုင်သော်လည်း ယခုအချိန်ထိ သံသယရှိရသူများ အား ရှာဖွေမတွေ့သေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.