North America
အမေရိကန်၌ လေယာဉ်ငယ်ပျက်ကျမှု တွင် လိုက်ပါလာသူ ၁၁ဦးစလုံး အသက်ရှင်ကျန်ရစ်

ဝါရှင်တန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် တွင် ဇူလိုင် ၁၀ ရက်က ရေပေါ်တွင် ရပ်တန့်နိုင်သော လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၁ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏ ရဟတ်ယာဉ် ၂စင်းသည် တောင်တစ်ခု၏ တစ်ဖက်ခြမ်းမှ လူ ၁၁ဦးစလုံးကို ဘေးကင်းစွာ တင်ဆောင်လာခဲ့ပြီး ဆေးရုံသို့ မပို့ဆောင်မီ ယာယီနားခိုရန်နေရာ တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၎င်းတို့အားလုံးတွင် ထိခိုက်ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း သိရသည်။
လေယာဉ်သည် တောင်ထူထပ်ရာဧရိယာတစ်ခု ၏ ပင်လယ်ရေပြင်အထက် ပေ ၂,၀၀၀ (၆၁၀မီတာ) တွင် ပျက်ကျခဲ့ကြောင်း သိရသည်။ (Xinhua)