Connect with us

North America

ဟေတီနိုင်ငံဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

ဟေတီနိုင်ငံ ၀န်ကြီးချုပ် Jack Guy Lafontantအား တွေ့ရစဉ် (အင်တာနက်)

ပေါ့တ်အော်ရ်ပရင့်စ် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ဟေတီနိုင်ငံဝန်ကြီးချုပ်Jack Guy Lafontantက ရာထူးမှနုတ်ထွက်ကြောင်း ဇူလိုင်လ ၁၄ ရက်တွင် ကြေညာခဲ့သည်ဟု သိရသည်။

၎င်း၏နုတ်ထွက်စာကို ဟေတီသမ္မတ Jovenel Moïse က လက်ခံလိုက်ပြီဖြစ်ကြောင်း Lafontantuက အောက်လွှတ်တော်တွင် ပြောကြားခဲ့ပြီး ယခုရက်ပိုင်းများတွင် ဟေတီ၌ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု လများကို အပြစ်တင်ရှုံ့ချကြောင်း ၎င်း၏လူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။

ဟေတီအစိုးရက ဇူလိုင်လ ၆ ရက်တွင် ဓာတ်ဆီကို ၃၈ ရာခိုင်နှုန်း၊ ဒီဇယ်ဆီကို ၄၇ ရာခိုင်နှုန်း ၊ ရေနံဆီကို ၅၁ ရာခိုင်နှုန်းအသီးသီး ဈေးနှုန်းများတိုးမြင့်မည်ဖြစ်ကြောင်း ကြေညာခဲ့ရာ တစ်နိုင်ငံလုံး တွင် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက လမ်းများကိုပိတ်ဆို့ခြင်း၊ စတိုးဆိုင်များကို ဝင်ရောက်လုယက်ခြင်း၊ မော်တော်ယာဉ်များကို မီးရှို့ခြင်းများ ပြုခဲ့ရာ Lafontantက ဇူလိုင် ၇ ရက်တွင် ဆီဈေးတိုးမြှင့်မှုကို ခေတ္တရပ်ဆိုင်းမည်ဟု အရေးပေါ်ကြေညာခဲ့သော်လည်း ဆန္ဒပြလှုပ်ရှားမှုများက ငြိမ်သက်သွားခြင်းမရှိခဲ့ပေ။

Lafontantသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့ကြောင်း ၊ ၎င်းသည် ၂၀၁၇ ခုနှစ်ဧပြီလတွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့်နေရာများကို သွားရောက်ကြည့်ရှုခဲ့ရာ လမ်းခရီးတွင် ၎င်းလိုက်ပါစီးနင်းလာသည့်ယာဉ်တန်းက လူငယ်ကလေး၂ ဦးအားတိုက်မိခဲ့သော်လည်း ကားမရပ်ဘဲ ဆက်လက်မောင်းနှင်ခဲ့ ကြောင်း ၊ တိုက်မိသော လူငယ်ကလေး ၂ ဦး အနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ရ ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ Lafontantသည် ဟေတီတွင် အစောပိုင်းကတည်းက ဝေဖန်အပြစ်တင်ခံနေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.