Connect with us

North America

ဒေါ်နယ်ထရမ့် က စစ်ရေးအသုံးစရိတ် နှင့် ကုန်သွယ်ရေး ပြဿနာ များနှင့် ပတ်သက်၍ ဥရောပ နိုင်ငံ များအား ပြစ်တင် ဝေဖန်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၁၀ ရက်နေ့ ၌ စစ်ရေး အသုံးစရိတ် နှင့် ကုန်သွယ်ရေး ပြဿနာ များနှင့် ပတ်သက်၍ ဥရောပ နိုင်ငံများအား ပြစ်တင် ဝေဖန် ခဲ့ပြီး အမေရိကန် နိုင်ငံ အနေဖြင့် နေတိုး အဖွဲ့အစည်း တွင် စစ်ရေး အသုံးစရိတ် များစွာ ကို တာဝန်ယူထားရကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က ဘရပ်ဆဲလ် တွင် ကျင်းပ မည့် နေတိုး ထိပ်သီး အစည်းအဝေး ကို မသွားရောက်မီ အိမ်ဖြူတော် ၌ အမေရိကန် နိုင်ငံ အနေဖြင့် ကာကွယ်ရေး ကိစ္စရပ်များ တွင် နေတိုး အဖွဲ့အစည်း မှာ ပေးဆပ်မှုများစွာ ဆောင်ရွက်ခဲ့ကြောင်း ၊ နေတိုး တပ်ဖွဲ့ ၏ အသုံးစရိတ် အနည်းဆုံး ၇၀ ရာခိုင်နှုန်း ကို တာဝန်ယူထားရကြောင်း ၊ သို့သော် ဥရောပ နိုင်ငံများ အနေဖြင့် တာဝန်ယူမှု လွန်စွာ နည်းပါးသဖြင့် ယခု အကြိမ် အစည်းအဝေး တွင် ယင်းနိုင်ငံ များနှင့် ဖြေရှင်းရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၊ ကုန်သွယ်ရေး ပြဿနာ နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ အနေဖြင့် ယခင် နှစ်တွင် အီးယူ နှင့် အမေရိကန် အကြား ကုန်သွယ်ရေး လိုငွေ မှာ အမေရိကန် ဒေါ်လာ ၁၅၁ ဘီလီယံ အထိ ရှိခဲ့ပြီး အမေရိကန် နိုင်ငံ က အီးယူ ၏ အသုံးချမှု ကို ခံနေရကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် နေတိုး ထိပ်သီး အစည်းအဝေး အပြီးတွင် ဗြိတိန် နိုင်ငံ သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် ဟယ်လ်စင်ကီ မြို့ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ ဒေါ်နယ်ထရမ့် က ရုရှား နိုင်ငံ သည် အမေရိကန် နိုင်ငံ ၏ ပြိုင်ဘက် နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းသည် ကောင်းမွန်သည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ၊ သို့သော် မိမိ အနေဖြင့် ရုရှား နိုင်ငံ မှာ ရန်သူ သို့မဟုတ် မိတ်ဆွေ ဟူသည်ကို မသိရှိသေးဘဲ ပူတင် နှင့် တွေ့ဆုံမှု ဆောင်ရွက်ပြီးနောက် အခြေအနေ ပေါ် မူတည်၍ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.