North America
အမေရိကန်၏ အဓိကနိုင်ငံရေး ပါတီကြီးမှ ပထမဆုံး အမျိုးသမီး သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန်ကို အမည်စာရင်း တင်သွင်း

ဖီလာဒီလ်ဖီးယား၊ အမေရိကန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ညီလာခံခန်းမ အတွင်းက ကျယ်လောင်သည့် လက်ခုပ်သံများ၊ ခန်းမပြင်ပက ကန့်ကွက်သံများ ကြားမှ ဟီလာရီ ကလင်တန်သည် အမေရိကန် သမ္မတနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အမေရိကန် အဓိက နိုင်ငံရေး ပါတီကြီးမှ ဇူလိုင်လ ၂၆ ရက်တွင် တရားဝင် အမည်စာရင်း တင်သွင်းခံရသည့် ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ သည်။
အသက် ၆၈ နှစ်အရွယ် သမ္မတဟောင်း ကတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်သည် အမည်စာရင်း တင်သွင်းခံရရန် သတ်မှတ်အဆင့် ဖြစ်သည့် ကိုယ်စားလှယ် အရေအတွက် ၂,၃၈၃ ဦး ထောက်ခံ မှုထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ အနိုင်ရခဲ့တယ်၊ ဒီညဟာ သမိုင်းဝင်ညပဲ ဖြစ်ပါတယ်” ဟု မစ်ဇူရီပြည်နယ်မှ ကိုယ်စားလှယ် ရေဗက္ကာရိဒ်က ဆင်ဟွာသို့ ပြောသည်။
ဟီလာရီ ကလင်တန်ကို ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ထောက်ခံကြောင်း ပါတီအတွင်း ပရိုင်မာရီပြိုင်ပွဲများ အတွင်း ကလင်တန်၏ အဓိကပြိုင်ဘက် ဖြစ်ခဲ့သူ ဗားမောင့်ပြည်နယ် အထက်လွှတ်တော် အမတ် ဘာနီး ဆန်ဒါးစ်က ပြောကြားခဲ့သည်။ ထို့ပြင် တစ်နေ့ကလည်း ဘာနီးက ရီပတ်ဘလစ်ကန် သမ္မတလောင်း ထရမ့်အား တိုက်ခိုက်နိုင်ရန် ဟီလာရီဘက်မှ ရပ်တည်ကြရန် ၎င်းကို ထောက်ခံသူများအား မိန့်ခွန်း၌ ထည့်သွင်း ပြောကြား ခဲ့သည်။ (Xinhua)