Connect with us

North America

မက္ကဆီကို ရေတပ် က ကမ်းရိုးတန်းအလွန်တွင် ကိုကင်း ၈၄၇ကီလိုဂရမ် ဖမ်းဆီးရမိ

မက္ကဆီကိုနိုင်ငံပိုင်ရေပြင်တွင် ကင်းလှည့်နေသည့် ရေတပ်သင်္ဘောတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မက္ကဆီကို ရေတပ်သည် နိုင်ငံ၏ တောင်ပစိဖိတ် ကမ်းရိုးတန်း အလွန် တွင် သွားလာသည့် လှေ နှစ်စီးအား ကြားဖြတ်ရှာဖွေခဲ့ပြီး ကိုကင်း ၈၄၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ရေတပ်အတွင်းရေးမှူး က ဇူလိုင်၂၇ တွင်ပြောကြားခဲ့သည်။

ရေတပ် အမှုထမ်းများ လိုက်ပါလာသည့် ရေကြောင်းဆိုင်ရာ ဝေဟင် ကင်းလှည့်အဖွဲ့ သည် Guerrero ပြည်နယ်၊ Acapulco မြို့ မှ ရေမိုင် ၁၀၄မိုင် အကွာတွင် မသင်္ကာဖွယ်ရာ ရေယာဉ် နှစ်စီးအား တွေ့ရှိခဲ့၍ ကြားဖြတ် ရှာဖွေ စစ်ဆေးမှုများအား ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း ရေတပ်က ပြောကြားခဲ့သည်။
ရေယာဉ် တစ်စီးပေါ်တွင် ကိုကင်း အထုပ်ငယ်ပေါင်း ၇၅၂ ထုပ်ပါဝင်သည့် အထုပ်ကြီး ၂၅ ထုပ် သယ်ဆောင်လာပြီး အခြား တစ်စီးပေါ်၌ ဓါတ်ဆီ ထည့်ထားသည့် စည်ပိုင်း ၈လုံးအပါအဝင် လောင်စာ စည်ပိုင်း ၂၅လုံး သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့သည်။
အဆိုပါရေယာဉ်များ၊ မူးယစ်ဆေးဝါးများ နှင့် သင်္ဘောသား သုံးဦးအား Acapulco ဆိပ်ကမ်း ရှိ အများပြည်သူ အစိုးရရှေ့နေရုံး တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မက္ကဆီကို ရေတပ်က နိုင်ငံ၏ ကမ်းရိုးတန်း တွင် ရေတပ်၏ ထောက်လှမ်းမှု ၊စောင့်ကြည့်မှု နှင့် ရေကြောင်း ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည့်အတွက် မူးယစ်ဆေးဝါး ဖမ်းဆီရမိမှုများ ပိုမိုများပြား လာခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.