Connect with us

North America

ဖလော်ရီဒါ ပြည်နယ်ရှိ လူငယ် ပါတီပွဲတစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ ၂ ဦး သေဆုံး

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဖလော်ရီဒါရှိ နိုက်ကလပ်တစ်ခုသို့ ရဲကားများ ရောက်ရှိလာစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ နိုက်ကလပ် တစ်ခုတွင် ဇူလိုင်လ ၂၅ ရက် အစောပိုင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ နှစ်ဦးသေဆုံးကာ ၁၆ ဦး အထိ ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

ဖလော်ရီဒါပြည်နယ် Fort Myers စီရင်စု ရှိ Club Blu နိုက်ကလပ်၌ လူငယ်ပါတီပွဲ တစ်ခု ကျင်းပနေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာများအရ သိရသည်။
ရဲတပ်ဖွဲ့ဝင်များက သံသယရှိသူ သုံးဦးအား ထိန်းသိမ်းခဲ့ပြီး ယခုအခါ ကလပ် ပတ်ဝန်းကျင်အား လုံခြုံရေးအရ ရှင်းလင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ Jim Mulligan က ပြောကြားခဲ့သည်။
ပစ်ခတ်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် ပစ်ခတ်မှု တရားခံ မည်သူဖြစ်သည်ကို ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Scott က ၎င်းသည် Fort Myers စီရင်စုရှိ ဒေသခံ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ပစ်ခတ်မှုနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်ကလည်း IS အစွန်းရောက် အုပ်စုနှင့် ဆက်စပ်နေသည့် သေနတ်သမား တစ်ဦး၏ တိုက်ခိုက်မှုကြောင့် အော်လန်ဒိုရှိ နိုက်ကလပ်တစ်ခုတွင် လူပေါင်း ၄၉ ဦး သေဆုံးခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.